
Arduino ဆိုတာ ဘာလဲ ?
- မိမိဓာတ်ပုံဖြင့် Figurine အရုပ်ပုံ လုပ်ပြီး Nano Banana AI Trend မှာ ပါဝင်လိုက်ပါ
- Google AI Gemini ရဲ့ Nano Banana AI feature အသစ်
- Cortana Guide: Microsoft Virtual Assistant အသုံးပြုနည်းအပြည့်အစုံ
- Digital Marketing AI ဖြင့်အီးမေးလ်ဖွင့်နှုန်းနိမ့်ခြင်းကိုပြင်နည်း
- Digital Marketing စတင်ရန်အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်
Arduino ဆိုတာ (open sources)ကိုအခြေခံသည့် Electronic ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ လွတ်လပ်ပွင့်လင်းသော အရင်းအမြစ် (open-source) ဆိုသည်မှာ မူပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်များဖြင့် ချည်နှောင်မထားဘဲ လွတ်လပ်စွာ ကူးယူ၊ပြင်ဆင်၊ဆင့်ပွား သုံးစွဲခွင့်နှင့် ဖြန့်ဝေခွင့်ရှိသော နည်းပညာအရင်းအမြစ်ကိုဆိုလိုတယ်။
Arduinoက ဘာတွေဆောင်ရွက်နိုင်သလဲ?
-ယနေ့ခေတ်တွင် Digital Electronic device ကို ထိန်းချုပ်ခိုင်းစေရန်အတွက် Data များ စုဆောင်းရယူရန်၊ Sensoring နှင့် Motor မီးခလုပ်များကို auto ဖွင့်ပိတ်ခိုင်းစေခြင်း controlling တို့အပြင် ၎င်းတို့ နှစ်ခုအကြား တွက်ချက်၊ စစ်ဆေး၊ ချိန်ညှိ၊ဆုံးဖြတ်ခြင်း လုပ်ငန်းများကို တီထွင်လုပ်ဆောင်လာကြပါသည်။ ၎င်းလုပ်ငန်းစဉ်များအတွက် Electronic အစိတ်အပိုင်းပစ္စည်းများ hardware နှင့် programming/software လိုအပ်ပါသည်။ hardware software နှစ်မျိုးစလုံးကိုArduino ပလက်ဖောင်းပေါ်တွင် အလွန်လွယ်ကူစွာ လုပ်ကိုင်နိုင်ပါသည်။
Arduinoသည် digitalအီလက်ထရောနစ် Circuit များဖြစ်ကြပါသည်။ ၎င်းArduino boards များတွင် microcontroller တပ်ဆင်ထားပါသည်။ Microcontroller ဆိုသည်မှာ microprocessor ဟုခေါ်သည့် လုပ်ငန်းအစီအစဉ်၊Program ကို လိုက်နာဆောင်ရွက်ပေးမည့် ကွန်ပြူတာဦးနှောက် (CPU) နှင့် Program သိမ်းဆည်းထားသော Memory၊ လုပ်ငန်းဆောင်ရွက်စဉ် အသုံးချမှတ်ဉာဏ် အပြင် သတင်းအချက်အလက်ရယူမှု၊Input လက်ခံရာ အစိတ်အပိုင်းများ၊ လုပ်ငန်းခိုင်းစေမှုဆိုင်ရာ အစိတ်အပိုင်းများ (processor, memmory, input, output) အားလုံးကို ချစ်ပြားတစ်ခုတည်းတွင်ပါဝင်အောင် တည်ဆောက်ထားသော ICချစ်ပြားဖြစ်ပါသည်။ ထိုမိုက်ခရိုပရိုဆက်ဆာ အတွင်းသို့ လိုအပ်သော လုပ်ငန်းလမ်းညွှန်အစီအစဉ် ပရိုဂရမ် ထည့်သွင်းရန်နှင့် ၎င်းမိုက်ခရိုကွန်ထရိုလာနှင့် ဆင်ဆာများ မော်တာများ ရီလေးခလုပ်များ ချိတ်ဆက်ရလွယ်ကူအောင် Arduino boards များက ဆောင်ရွက်ပေးပါသည်။
Arduinoကို Electronic နှင့် Programming အခြေခံနည်းပါးပြီး မတတ်ကျွမ်းတဲ့ ကျောင်းသားများအနေဖြင့် microcontroller ကို လွယ်ကူစွာ အသုံးပြုခိုင်းစေနိုင်ရန်၊ ပရောဂျက်များ တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ဖန်တီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆရာများအတွက် လည်း တပည့်များကို လွယ်ကူစွာ သင်ကြားပြသပေးနိုင်ပါသည်။ ယခုအခါတွင် ထောင်ပေါင်းများစွာသော ပရောဂျက်များတွင် Arduino ကို တွေ့ရှိနိုင်ပါပြီ။ အလွန်ရိုးစင်းသော နေ့စဉ်သုံး လုပ်ငန်းဆောင်တာလေးတွေမှ အစပြု၍ အင်မတန်ရှုပ်ထွေးသော ထိန်းချုပ်မှုများအထိ Arduino ကို အသုံးပြု၍ တည်ဆောက်နိုင်ပါပြီ။
Arduinoကို အသုံးပြုသူများထဲတွင် တစ်ကမ္ဘာလုံးက ကြီးမားကျယ်ပြန့်သော အသိုင်းအဝိုင်းကြီးတွေဖြစ် သည့် ကျောင်းသားများ၊ ဝါသနာရှင်များ၊ အနုပညာရှင်များ၊ ပရိုဂရမ်မာများ၊ ပညာရှင်များ စုပေါင်းပါဝင်ကြပါသည်။ ထိုအသိုင်းအဝိုင်းကြီးက open-source ကို အသုံးပြု၍ အဆင့်ဆင့် တိုးတက်အောင်၊ လွယ်ကူအောင် မွမ်းမံနေကြပါသည်။ ထိုနည်းပညာများကို ရယူ၍ အသုံးပြုလိုသူက စိတ်ကြိုက် ပြုပြင်ဖန်တီး ပြုလုပ်နိုင်ပါသည်။ တစ်စတစ်စ တိုးတက်ကျယ်ပြန့်လာသောArduino အသိုင်းအဝိုင်းတွင် အလိုအလျောက်ထိန်းချုပ်မှု၊ စက်ပစ္စည်းထိန်းချုပ်မှု၊ smart home တည်ဆောက်မှု၊ စက်ရုပ်တည်ဆောက်မှု နည်းပညာများကို စိတ်ပါဝင်စားသူ မည်သူမဆို Arduinoကို လွယ်ကူစွာ ပါဝင် လေ့လာ အသုံးပြုနိုင်ပါသည်။
ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။