Apple ၏ 2021 iPhones များတွင် video portrait mode ပါ၀င်လိမ့်မည်ဟု သတင်းများက ဖော်ပြ

iPhone 13 line ဟု ခေါ်ဆိုဖွယ် ရှိသော Apple ၏ အသစ်ထွက်မယ့် flagship iPhone များဟာ video portrait mode အသစ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဗီဒီယိုဖိုင်များ၏ နောက်ခံကို အလိုအလျောက် မှုန်ဝါး စေလိမ့်မည် ဖြစ်ကြောင်း Bloomberg ၏ အစီရင်ခံစာသစ် အရ သိရပါတယ်။ဤ “ Cinematic Video” feature ဟာ ယခုနှစ် iPhones များသို့ ရောက်လာသော အဓိက camera features အသစ် သုံးခုအနက် တစ်ခုပဲ ဖြစ်ပါတယ်။ အခြား နှစ်ခုမှာ ProRes video recording နှင့် photographs များအတွက် editing options သစ်များ ဖြစ်ပါတယ်။

တိုးတက်မှု များဟာ ယခုနှစ် phones များအတွက် လမ်းကြောင်းပေါ် ရောက်နေပြီဟု ယုံကြည်ရသော အခြား camera upgrade မြှင့်တင်မှုတွင် ပါ၀င် ပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာလက ယုံကြည် စိတ်ချရသော Apple analyst Min-Chi Kuo က phones များ၏ ultrawide cameras များကို ပိုမို ကောင်းမွန်သော low-light photography များအတွက် larger aperture တစ်ခု နှင့်အတူ တိုးတက် စေလိမ့်မည်ဟု ပြောကြားခဲ့ ပါတယ်။

ProRes support ဟာ video editors များအတွက် အလွန် အထောက်အကူ ဖြစ်ပါ လိမ့်မယ်။ ၎င်းအား ရိုက်ကူးပြီးသည်နှင့် video များကို ပိုပြီး control လုပ်နိုင် စေမှာပါ ။ ပြီးခဲ့သည့် နှစ်က Apple ၏ iPhone lineup သို့ ProRAW support ကို ထည့်သွင်းခဲ့ ပြီးနောက် ၎င်း၏ ကောလဟာလများ ရောက်ရှိလာခြင်းဟာ photos များကို edit လုပ်ရာတွင် ပိုပြီး အဆင်ပြေ စေပါတယ် ။ Photos များနှင့် ပတ်သက်၍ ယခုနှစ် iPhones များတွင် သုံးစွဲသူများအား ၎င်းတို့၏ photos များအတွက် style တစ်ခုကို ရွေးချယ်ခွင့် ပေးလိမ့်မည်ဖြစ်သော filter-style editing feature အသစ် ပါလိမ့်မည်ဟု Bloomberg က အစီရင်ခံ တင်ပြ ထားပါတယ်။ filter တစ်ခုနှင့် မတူဘဲ feature အသစ်ဟာ ရိုက်ချက် တစ်ခုလုံးကို တစ်ပုံစံတည်း မဟုတ်ဘဲ photos များ အတွင်းရှိ သီးခြား အစိတ်အပိုင်းများသို့ အပြောင်းအလဲများကို သက်ရောက်မှု ရှိစေ ပါလိမ့်မယ်။

Bloomberg က ယခုနှစ် devices များနှင့် ပတ်သက်၍ ယခင် အစီရင်ခံချက် အချို့ကို ပြန်လည် ဖော်ပြ ထားပါတယ်။ ၎င်း phones များဟာ ပိုမို မြန်ဆန်သော refresh rate ကို ရရှိနိုင်ပြီး ယခုနှစ် Pro models များတွင် 120Hz LTPO display များ ပါ၀င်နိုင်ကြောင်း ယခင် ကောလဟာလ တစ်ခုမှ ပြောကြားခဲ့ ပါတယ်။

iPhone 13 models အားလုံးတွင် သေးငယ်သည့် display notch များ ပါ၀င်နိုင်ပြီး A15 chip အသစ်ဖြင့် processing power ကို အစဉ်အလာအတိုင်း boost လုပ်နိုင် ပါတယ်။ သို့သော်လည်း ယခုနှစ်အတွက် နောက်ဆုံး သတင်းများဟာ “ modest ” ဖြစ်လိမ့်မယ် ။ ပြီးတော့ မနှစ်က တွေ့ခဲ့သည့် models များနှင့် screen sizes များ တူညီ ပါလိမ့်မယ်ဟု Bloomberg က ပြောကြား ခဲ့ပါတယ်။

iPhone အသစ်များကို မည်သည့် အချိန်တွင် ကြေညာမယ် ဆိုတာကို အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိသော်လည်း Apple ဟာ နှစ်စဉ် စက်တင်ဘာလတွင် ၎င်း၏ flagship phones များကို ကြေညာလေ့ရှိ ပါတယ် ( ခြွင်းချက်မှာ ပြီးခဲ့သည့်နှစ်က ၎င်းတို့အား ကပ်ရောဂါကြောင့် အောက်တိုဘာလ၌ ကြေငြာခဲ့ပါတယ် )။ အသစ်ထွက်ရှိ လာနိုင်သည်ဟု ယူဆရသော အခြား Apple products အသစ်များဟာ Apple Silicon-powered MacBook Pros အသစ်များ ၊ Apple Watches များ ၊ AirPods များ နှင့် iPad များ ပါ၀င် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။