Apple Watch Series 7 ကို October 15 ရက်နေ့မှာ စတင် ဖြန့်ချီမှာ ဖြစ်ပြီး Friday မှာ preorder တင်နိုင်ပါပြီ

Apple Watch Series 7 includes a bigger display. Image: Apple

Apple က ၎င်း၏ Apple Watch Series 7 အတွက် အောက်တိုဘာ လ ၈ ရက် သောကြာနေ့ တွင် preorders တင်နိုင်မှာ ဖြစ်ပြီ devices တွေကို အောက်တိုဘာ လ ၁၅ ရက်နေ့တွင် တင်ပို့ဖို့ စီစဉ် ထားပါတယ်။ Apple က Watch Series 7 ကို ပြီးခဲ့တဲ့ လက ပွဲတစ်ခုတွင် ပထမဆုံး ထုတ်ဖော် ပြောကြား ခဲ့သော်လည်း ကုမ္ပဏီက ၎င်းအား ဒီ နှစ်ကုန်ပိုင်း လောက်မှာ ရနိုင် လိမ့်မယ်လို့ ရိုးရှင်းစွာ ပြောကြား ခဲ့ပါတယ်။ Apple က Watch Series 7 အတွက် ကြိုတင် မှာယူ မှုများကို ယခု အောက်တိုဘာ လ ၈ ရက် သောကြာ နေ့ မြန်မာ စံတော်ချိန် ညနေ ၆ နာရီ ခွဲ အချိန် ( 5AM PT / 8AM ET on Friday, October 8th ) တွင် စတင် မှာယူ နိုင်မှာပဲ ဖြစ်ပါတယ်။

Apple Watch Series 7 ဟာ ပိုပြီး လုံးဝန်းသော ထောင့် ( more rounded corners ) တွေ နှင့် ပိုမို ပျော့ပျောင်းလာတဲ့ ဒီဇိုင်း ( softer design ) တို့ဖြင့် case ၏ အစွန်းကို လုံးဝ နီးပါး သွားစေတဲ့ display တစ်ခု ပါဝင် ပါတယ်။ Series 7 ကို 41mm နှင့် 45mm sizes အရွယ်အစား များဖြင့် Series 6 ရဲ့ အရွယ်အစားထက် 1mm အထိ မြင့်တက် လာပါတယ်။ Display ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ bezels တွေက 1.7mm သာ ရှိပြီး အမြဲတမ်း ဖွင့်ထားတဲ့ mode က Series 6 ထက် 70 percent ပိုပြီး တောက်ပ စေပါတယ်။

Apple က Watch Series 7 တွင် ပိုမို ကြီးမားတဲ့ screens တွေရဲ့ အားသာချက်ကို ရယူဖို့ watchfaces အသစ် အမျိုးမျိုး ကိုလည်း ဖန်တီး ခဲ့ပါတယ်။ ပိုမို ကောင်းမွန်တဲ့ modular watchface တစ်ခု ဟာ regular modular watchface တွင် တွေ့ရတဲ့ regular complications တွေနှင့် အတူ လှုပ်ရှားမှု ring details တွေကို ကြည့်နိုင် ပါတယ်။

Screen size ဟာ Apple Watch Series 7 အတွက် ကြီးမားတဲ့ ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ အပြင် outdoor cycling support ၊ workouts တွေမှာ fall support နှင့် Fitness Plus အဆင့်မြှင့် တင်မှုတွေ ကဲ့သို့ အတူ ကြီးမားတဲ့ ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။

Apple’s new Contour watchface for the Watch Series 7. Image: Apple

Apple က Watch Series 7 ကို မြန်မာငွေ ၇ သိန်း ၉ သောင်း ၀န်းကျင် ( $399 ) ဖြင့် စတင် ရောင်းချမှာ ဖြစ်ပြီး Watch Series 3 နှင့်အတူ မြန်မာငွေ ၄ သိန်း ၀န်းကျင် ( $199 ) ဖြင့် ရောင်းချမှာပဲ ဖြစ်ပါတယ်။ Apple.com မှ တဆင့် ဖြစ်စေ ၊ carrier မှ ဖြစ်စေ တိုက်ရိုက် cellular service ပါသော Watch တစ်လုံးကို ၀ယ်မယ်ဆိုရင် T-Mobile/Sprint (သို့) Verizon တို့ဖြင့် activate လုပ်ပြီးရင် $100 လျှော့စျေးလည်း ရရှိ နိုင်ပါတယ်။ Apple က Watch Series 7 အတွက် ကြိုတင် မှာယူမှုများကို အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ခဲ့ပြီး devices များကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင် ပို့ဆောင် ပေးပါလိမ့်မယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။