Apple 29W Charger ကို MagSafe Duo မှာသုံးလို့မရကြောင်း Apple ထုတ်ပြော

ကြာသပတေးနေ့တွင် Apple သည် MagSafe Duo ကိုမည်သို့အသုံးပြုရမည်ကို စာတမ်းထုတ်ပြန်ခဲ့ပါတယ်။ အသုံးပြုသူများကို iPhone 12 နှင့် Apple Watch နှစ်ခုစလုံးအားသွင်းရန်ခွင့်ပြုသော်လည်း Apple ၏ကိုယ်ပိုင် 29W MacBook charger ဖြင့်သုံးလို့မရကြောင်းထုတ်ပြန်ထားပါတယ်။

၎င်း၏ဝက်ဘ်ဆိုက်စာမျက်နှာတွင် Apple မှ 29W adapter သည် MagSafe Duo နှင့်မကိုက်ညီကြောင်း ဖော်ပြခဲ့ ပါတယ်။၎င်း 29W adapter သည် 2018 ခုနှစ်တွင် 30W adapter ရောင်းဖို့ switch လုပ်အစားထိုးရောင်းချခဲ့တဲ့ အရင်ထွက်ခဲ့ဖူးတဲ့ ၁၂ လက်မ MacBook နှင့်အတူထွက်လာတဲ့ adapter ဖြစ်ပါတယ်။

29W adapterသည် MagSafe Duo နှင့်သဟဇာတမဖြစ်ရသည့်အကြောင်းအရင်းမှာ MagSafe Duo သည် adapter ၏သတ်မှတ်ချက်များဖြင့်သတ်မှတ်ထားသောကြောင့်ဖြစ်ပါတယ်။

ကြာသပတေးနေ့တွင် Apple သည် MagSafe Duo ကိုမည်သို့အသုံးပြုရမည်ကို စာတမ်းထုတ်ပြန်ခဲ့ပါတယ်။ အသုံးပြုသူများကို iPhone 12 နှင့် Apple Watch နှစ်ခုစလုံးအားသွင်းရန်ခွင့်ပြုသော်လည်း Apple ၏ကိုယ်ပိုင် 29W MacBook charger ဖြင့်သုံးလို့မရကြောင်းထုတ်ပြန်ထားပါတယ်။

MagSafe Duoကို လက်ရှိ 9V 3A ဖြင့်အထောက်အပံ့လုပ်ထားပြီး  MagSafe Duo အားလုံလောက်သောလျှပ်စစ်ဓာတ်အားပေးနိုင်ရန် USB Power Delivery 3.0 (သို့မဟုတ် )PD 3.0 ဟုခေါ်သောပရိုတိုကောကိုအသုံးပြုရမှာဖြစ်ပါတယ်။ Apple ၏ 29W adapter သည်သတ်မှတ်ထားသောသတ်မှတ်ချက် PD 3.0 ကိုလက်မခံနိုင်သောကြောင့် သဟဇာတမဖြစ်နေခြင်းဖြစ်ပါတယ်။ (29W adapter သည် 9V rated power ကိုမပေးနိုင်ပဲ 30W adapter ကသာ 9V ကိုထောက်ပံ့နိုင်ပါသည်။)

Apple ကဒီသတ်မှတ်ချက်ကိုသတ်မှတ်လိုက်သော်လည်း Apple adapter တစ်ခုတည်းကိုသာ အသုံးပြုရန်မလိုအပ်ပါ။ Apple ကသတ်မှတ်ထားသောသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် third-party ပစ္စည်းများ သုံး၍ ရနိုင်ပြီး အထူးသဖြင့် PD 3.0 support ရှိရန်လည်းအရေးကြီးပါတယ်။

Source ;Apple Inside

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။