Apple ၏ California Streaming event: ကောလာဟလများ ၊ သတင်းများ နှင့် ကြေငြာချက်များ

ဆောင်းဦး ရာသီ နီးကပ် လာသည်နှင့် အမျှ Apple ချစ်သူများ အတွက် နောက်တစ်ခုက iPhone အသစ်က အနီးစပ်ဆုံး ဖြစ်သည်ဟု ဆိုလို နိုင်ပါတယ်။

September လ 14 ရက်တွင် Apple ၏ လာမည့် “ California Streaming” event ဟာ iPhone 13 တစ်ခုထဲ မဟုတ်ပဲ အခြား Apple product တွေကို မိတ်ဆက်ဖွယ် ရှိပါတယ်။ ကောလာဟလများ အရ Apple Watch အသစ် ၊ Series 7 နှင့် AirPods တို့၏ နောက်ဆက်တွဲများကို ရည်ညွှန်းထားတာ တွေ့ရပါတယ်။

အစီရင်ခံစာများ နှင့် ပေါက်ကြားမှုများ အရ iPhone 13 lineup အသစ်ဟာ ယခင်နှစ် မော်ဒယ်များ ကဲ့သို့ အရွယ်အစား လေးမျိုး ပါ၀င် ပါလိမ့်မယ်။ Phone အသစ် များဟာ refresh rate မြင့်မားသော screens များ ၊ သေးငယ်သည့် display notch တစ်ခု နှင့် ပိုမို မြန်ဆန်သော A15 Bionic chip တို့ ပါ၀င် ပါတယ်။

Front camera တွင် video portrait mode နှင့် astrophotography mode တို့ အပြင် ပိုကောင်းလာတဲ့ ultrawide lens နှင့် video recording အတွက် ပိုမို ကောင်းမွန်သော optical zoom တို့ကို မြင်တွေ့ နိုင်မှာပဲ ဖြစ်ပါတယ်။

Apple က third generation AirPods ကို ပွဲထုတ်ဖို့နဲ့ AirPods Pro နှင့် ဆင်တူသည့် Case အသစ် နှင့် shorter stems များ ပါ၀င် လိမ့်မည်ဟု မျှော်လင့် ထားပါတယ်။ Apple Watch 7 နှင့် ပတ်သက်၍ ကောလာဟလများ အရ ၎င်းဟာ ပိုမို မြန်ဆန်သော processor ( faster processor ) တစ်ခု ပါ၀င်ပြီး နှစ်အနည်းငယ် အတွင်း ၎င်း၏ ပထမဆုံး hardware ဒီဇိုင်းကို ပြန်လည် ပြုပြင် ထားတဲ့ flatter edges များ၊ watchfaces အသစ်များ နှင့် ပိုကြီးသော screens များ (larger screens) ပါ၀င် ပါတယ်။

MacBooks အသစ် များ နှင့် အဆင့်မြှင့် ထားသော iPad Mini တို့ဟာလည်း ပေါ်လာ နိုင်ပါတယ်။ ပြန်လည် ဒီဇိုင်း ထုတ်ထားတဲ့ 14-inch နှင့် 16-inch MacBook Pros များတွင် Apple ၏ custom-designed chips အသစ် များ ပါဝင်လာ နိုင်ပြီး HDMI port နှင့် SD card slot ကဲ့သို့ ယခင် inputs များကို ပြန်ယူ လာပါ လိမ့်မယ် ။ လာမည့် iPad Mini က ဆယ်စုနှစ် တစ်ခု အတွင်း ၎င်း၏ အကြီးမားဆုံး ပြန်လည် ပြုပြင် မွမ်းမံမှု နှင့် မနှစ်က iPad Air ကို ထင်ဟပ် စေသော ဒီဇိုင်းကို မိတ်ဆက်ခဲ့ ပါတယ်။ Apple ၏ ၀န်ဆောင်မှု များစွာ အတွက် surprises များ (သို့) updates များ ဘယ်လောက် ရှိမယ် ဆိုတာ ဖြစ်နိုင်ခြေကို ရေးသား ဖော်ပြနိုင်ခြင်း မရှိပါ။

ဘယ်လိုပင် ကြေငြာသည် ဖြစ်စေ ၊ ထုတ်ကုန်များ နှင့် ၀န်ဆောင်မှု အသစ်များ ပြသ သည်နှင့်အညီ အမြဲ စောင့်ကြည့်နေဖို့ လိုပါ လိမ့်မယ်။

September လ 14 ရက် 1PM ET / 10AM PT တွင် event စတင် ပါလိမ်မယ်။ Apple ၏ California Streaming event: ကောလာဟလများ ၊ သတင်းများ နှင့် ကြေငြာချက်များ –

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။