Apple သည် ARM ပရိုဆက်ဆာချစ်ပ်ကို 32 cores အထိတိုးမြင့်

Apple က MacBook Air နှင့် MacBook Pro အသစ်များနှင့်အတူ Apple M1 ကိုမိတ်ဆက်ခဲ့ပါတယ်။ သို့သော်ယခုတိုင် စတင်အဆင့်သာရှိသေးသော Model ဖြစ်နေသော်လည်း လုပ်ဆောင်ချက်စွမ်းဆောင်ရည်တွေပြည့်ဝပြီး Intel ရဲ့ high-end ချစ်ပ်များထက် ပိုမြင့်သော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

Apple ဟာဒီမှာတင်ရပ်တန့်ရန်အစီအစဉ်မရှိကြောင်းကို Bloomberg ကပြောကြားခဲ့ပါတယ်။Bloomberg မှပြောကြားချက်များအရ Apple သည် ARM ပရိုဆက်ဆာအသစ်များကိုထုတ်လုပ်နေပြီး Core ပေါင်း ၂၀ အထိပါရှိပြီး မြင့်မားသော စွမ်းဆောင်ရည် အတွက် Core ၁၆ ခုနှင့်ကျွမ်းကျင်သော ထိရောက်မှု, စွမ်းအားချွေတာမှုအတွက် Core 4 ခုအထိခွဲခြားသတ်မှတ်ထားပါတယ်။

ဒီချစ်ပ်များကို အဆင့်မြင့် High-end MacBook Pro နှင့် iMacs အတွက် စတင်အဆင့်မှ High-end အထိအသုံးပြုလိမ့်မည်ဟုမျှော်လင့်ရပါတယ်။

Apple က MacBook Air နှင့် MacBook Pro အသစ်များနှင့်အတူ Apple M1 ကိုမိတ်ဆက်ခဲ့ပါတယ်။ သို့သော်ယခုတိုင် စတင်အဆင့်သာရှိသေးသော Model ဖြစ်နေသော်လည်း လုပ်ဆောင်ချက်စွမ်းဆောင်ရည်တွေပြည့်ဝပြီး Intel ရဲ့ high-end ချစ်ပ်များထက် ပိုမြင့်သော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

Apple ၏  ARM ပရိုဆက်ဆာအသစ်များသည် ထုတ်ကုန်အသစ်များစတင်မိတ်ဆက်ခြင်းနှင့်အတူ ၂၀၂၁ ခုနှစ် မတ်လမှမေလခန့်တွင် ရောင်းချမည်ဟုမျှော်လင့်ရပါတယ်။ သို့သော် 20 core processing chip သည်အကောင်းဆုံးတော့မဟုတ်သေးပါဘူး ။ ဒါပေမယ့် Apple က 32 cores အထိပါတဲ့ processor chip ကိုတီထွင်နေကြောင်းဖော်ပြထားပါတယ် ။

Mac Pro အုပ်စုဖြစ်တဲ့ desktop class device အတွက်တော့ Apple က CPU အပိုင်းတွင်မဖြစ်မနေ Upgrade လုပ်သွားမှာပဲဖြစ်ပါတယ်။Apple က USB-C2  Series ထဲက Apple M1 ကို MacBook Air နဲ့ MacBook Pro 13  အတွက်သာလျှင်ဖြန့်ချီခဲ့သောအကြောင်းရင်းမှာ စွမ်းဆောင်ရည်မြင့်မားသောအရာကို အဆင့်မြင့်မြင့်အကောင်များအတွက်အသုံးပြုနိုင်ရန်အတွက်ပဲဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။