Apple ရဲ့ AR/VR Headset မှာ 8K မျက်နှာပြင်နဲ့ပါလာနိုင်

Apple ဟာ Augmented Reality (AR) Headset ကို ဖန်တီးနေတဲ့ သတင်းထွက်နေတာ ၂၀၁၇ ကတည်းက ဖြစ်ပြီး အခုတော့ နောက်နှစ်မှာ ထွက်လာနိုင်တယ်လို့ သတင်း ပေါက်ကြားလာပါတယ်။

အဲဒီ Headset ဟာ ဒေါ်လာ ၃,၀၀၀ လောက် ရှိနိုင်တဲ့အတွက် ဈေး မသေးပါဘူး။ AR/VR Headset တွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်လာမှာ ဖြစ်ပြီး 8K မျက်နှာပြင် ပါလာနိုင် ပါတယ်။

မျက်လုံး အာရုံခံစနစ် ထည့်သွင်းထားပြီး ရုပ်ပုံတွေရဲ့ အရည်အသွေး မြင့်မားမှာပါ။ အခန်းနဲ့ Headset ရဲ့ လှုပ်ရှားမှုကို Map လုပ်ဖို့ LiDAR ဆန်ဆာများစွာ တပ်ဆင်ထား မှာဖြစ်သလို လက်ကိုလည်း ခြေရာခံနိုင်မှာပါ။

 

Apple ဟာ Augmented Reality (AR) Headset ကို ဖန်တီးနေတဲ့ သတင်းထွက်နေတာ ၂၀၁၇ ကတည်းက ဖြစ်ပြီး အခုတော့ နောက်နှစ်မှာ ထွက်လာနိုင်တယ်လို့ သတင်းပေါက်ကြားလာပါတယ်။

Bloomberg က Apple ဟာ အဲဒီ Headset အတွက် အထူး Chipset ၁ ခုကို ဒီဇိုင်း ထုတ်မယ်လို့ ပြောပါတယ်။ M1 နဲ့ ဆင်တူပေမယ့် Processing Power က ပိုမြင့်မား မှာဖြစ်ပြီး သတင်းထွက်နေတဲ့ M2 လည်း ဖြစ်နိုင်ပါတယ်။

အလေးချိန် ပေါ့ပါးစေဖို့ အပြင်ဘက်မှာ ချည်သားကို အသုံးပြုထားနိုင်ပါတယ်။အဲဒီ Headset ဟာ အဓိက အားဖြင့် VR Headset ဖြစ်ပေမယ့် AR လုပ်ဆောင်ချက် အကန့်အသတ်နဲ့ ပါလာနိုင်ပါတယ်။

Apple ဟာ နောက်နှစ်မှာ VR Headset ကို ကြေညာနိုင်တယ်လို့ သတင်းထွက်နေသလို တချို့သတင်းတွေကလည်း ထွက်လာဖို့ နှစ်အနည်းငယ်လိုသေးတယ်လို့ ပြောနေကြ ပါတယ်။ ၂၀၂၃ ကျမှလည်း ထွက်လာနိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။