Apple ရဲ့ ပထမဆုံးကား ထုတ်လုပ်မှု လုပ်ဆောင်

Apple car ဟာ မဝေးတော့တဲ့ကာလမှာ အားလုံးရဲ့ ရှေ့မှောက်သို့ရောက်လာဖို့ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာကျော် iPhone ကုမ္ပဏီဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ အဆင့်မြင့်ဘက်ထရီနည်းပညာပါ ကားတစ်မျိုးကို စတင်ထုတ်လုပ်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။ ထွက်ပေါ်လာတဲ့သတင်းအရ Apple ရဲ့လျှပ်စစ်ကားဟာ မှန်းထားတာထက် ၂ နှစ်စောပြီးထွက်လာမယ်လို့ကြားထားပါတယ်။

Apple ဟာ မောင်းသူမဲ့ကားနည်းပညာကို တီထွင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ခရီးသည်တင်ယာဉ်တစ်မျိုးပါ ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။ Apple ဟာ ၂၀၁၄ ခုနှစ်ကတည်းက စပြီး Project Titan လို့ခေါ်တဲ့ ကားထုတ်လုပ်ရေး အစီအစဉ်တစ်ခုကို လုပ်ဆောင်ထားတာပါ။

နောက်ပိုင်းမှာ Apple ဟာ လျှပ်စစ်ကားထုတ်လုပ်ဖို့ထက် အလိုအလျောက်မောင်းဆော့ဖ်ဝဲလ်စနစ်ဘက်ကို ဦးစားပေးလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Tesla Inc မှာ အလုပ်လုပ်ခဲ့တဲ့ Doug Field ဟာ Apple ရဲ့ ထုတ်ကုန်ဒီဇိုင်းဘက်မှာ ဒုဥက္ကဌဖြစ်လာခဲ့ပြီး နောက်တစ်နှစ်မှာ Apple Car ဌာနမှ ဝန်ထမ်း ၁၉၀ ခန့် အလုပ်မှ ဖြုတ်ခဲ့ပါတယ်။

Apple car ဟာ မဝေးတော့တဲ့ကာလမှာ အားလုံးရဲ့ ရှေ့မှောက်သို့ရောက်လာဖို့ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာကျော် iPhone ကုမ္ပဏီဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ အဆင့်မြင့်ဘက်ထရီနည်းပညာပါ ကားတစ်မျိုးကို စတင်ထုတ်လုပ်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။ 

Apple ဟာ အလိုအလျောက်မောင်းနည်းပညာအတွက် LiDAR စနစ်အပါအဝင် တခြားအစိတ်အပိုင်းတွေကို Third party လုပ်ငန်းတွေဆီကနေ မှာယူနေတာပါ။ Apple ရဲ့ ဘက်ထရီနည်းပညာဟာ ဘက်ထရီ Capacity ပိုဆန့်တဲ့ Monocell ဒီဇိုင်းပေါ် အခြေခံတည်ဆောက်ထားပြီး ဈေးသက်သာမှုနဲ့အတူ တာရှည်အသုံးခံမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်မှထုတ်လုပ်ရောင်းချရေးနှင့် ကုန်ပစ္စည်းထောက်ပံ့တဲ့ ကုမ္ပဏီများဟာ Apple car အတွက် လိုအပ်တဲ့ ပစ္စည်းများကိုထုတ်လုပ်မှု အကြီးအကျယ် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။Apple ဟာသူတို့ရဲ့ Apple car ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ အကြိမ်ကြိမ်စမ်းသပ်မောင်နှင်မှုများ လည်းပြုလုပ်ထားပြီဖြစ်ပါတယ်။

Apple ဟာ ၂၀၁၇ ခုနှစ်မှ စတင်ကာ မောင်းသူမဲ့ ယာဥ်ကိုစတင်စမ်းသပ်မောင်းနှင်ခွင့်ရရှိခဲ့ပါတယ်။အစောပိုင်းတုန်းက Apple car ကို ၂၀၂၃ နှင့် ၂၀၂၅  ခုနှစ်အတွင်းမှာသာ ထွက်လာမယ်လို့ယူဆခြင်းခံခဲ့ရပါတယ်။ဒါပေမယ့် Apple car ကိုလာမယ့်နှစ်နှောင်းပိုင်းမှာ အားလုံးရဲ့ရှေ့ကိုရောက်ဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။