Apple မှအသစ်မိတ်ဆက်ပေးလိုက်တဲ့ AirPods Max

Apple ဟာ တန်ဖိုးကြီး over-ear နားကြပ်ကို မိတ်ဆက်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှ ထွက်လာမယ်လို့ ကောလာဟလထွက်နေတဲ့ နားကြပ်တွေကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ မကြာသေးမီက premium နားကြပ်ဖြစ်သော AirPods Max အပြင်အခြားဆက်စပ်ပစ္စည်းများကိုလည်းမိတ်ဆက်ပေးလျက်ရှိပါတယ်။

ဒါအပြင် Apple ဟာ AirPods Max ကို အခုအခံပြုပေးတဲ့ အရောင် ၅ ရောင်ထွက်ရှိထားတဲ့ကူရှင်ဆက်စပ်ပစ္စည်းတွေကို ပါရောင်းချပေးမှာဖြစ်ပါတယ်။ Apple AirPods Max ကိုတော့ ဒီဇင်ဘာ ၁၅ ရက်မှာ ၅၄၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး နားကြပ်မှာ Active Noise Cancellation (ANC) ပါဝင်ပြီး Adaptive EQ နဲ့ အလွန်တည်ငြိမ်တဲ့ အထူးအသံလည်း ပါဝင်လာပါတယ်။

Apple ကိုယ်ပိုင် H1 ချစ်ပ်အသုံးပြုထားပြီး ကြိုးမဲ့ Bluetooth 5.0 အသံစနစ်လည်း ပါဝင်လာပါတယ်။ နားကြပ်မှာ port တစ်ခု ပါဝင်ပြီး ဘက်ထရီအားသွင်းဖို့ lightning ထောက်ပံ့ထားပါတယ်။ နားကြပ်ကို အားတစ်ခါသွင်းရင် နာရီ ၂၀ အထိ အသုံးပြုနိုင်ပါတယ်။AirPods max မှာ အဆင့်မြင့် sensor တွေနဲ့ ခလုတ်တွေ ပေါင်းစပ်ထားပါတယ်။

Apple ဟာ တန်ဖိုးကြီး over-ear နားကြပ်ကို မိတ်ဆက်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှ ထွက်လာမယ်လို့ ကောလာဟလထွက်နေတဲ့ နားကြပ်တွေကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ မကြာသေးမီက premium နားကြပ်ဖြစ်သော AirPods Max အပြင်အခြားဆက်စပ်ပစ္စည်းများကိုလည်းမိတ်ဆက်ပေးလျက်ရှိပါတယ်။

Digital Crown ခလုတ်ကတော့ Apple Watch ကနေ ရယူထားပြီး အသံအတိအကျ ချိန်နိုင်သလို play ဒါမှမဟုတ် pause အပြင် သီချင်းလည်း ကျော်တာ၊ ဖုန်းလက်ခံ၊ ဖြေကြားတာလည်း လုပ်နိုင်ပါတယ်။

ဒါ့အပြင် Noise control ခလုတ် ပါဝင်ပြီး ANC နဲ့ Transparency mode ကိုပြောင်းနိုင်ပါတယ်။ Transparency mode ကတော့ ပတ်ဝန်းကျင်အသံကို ထပ်တိုးပေးတာ ဖြစ်ပါတယ်။ AirPods Max ကိုတော့ မီးခိုး၊ ငွေ၊ အပြာ၊ အစိမ်းနဲ့ ပန်းရောင်တို့ ထုတ်လုပ်ထားပါတယ်။

The foam ear cushion ကို ၇၅ ဒေါ်လာ နှုန်းဖြင့်ရောင်းချမှာဖြစ်ပြီနားကြပ်နှင့်ချိတ်ဆက်ရန်သံလိုက် ပါရှိပါမယ်။ အသုံးပြုသူများအား AirPods Max ၏အရောင်နှင့် Mix & Match ကိုပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ရသစုံသတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့် ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။