Apple က online group နှင့် event apps တွေ အတွက် app အတွင်း ဝယ်ယူမှု (in-app purchase) ကင်းလွတ်ခွင့် ထပ်တိုးပေးထား

Apple က ကုမ္ပဏီရဲ့ developer’s blog ( 9to5Mac မှတဆင့် ) မှာ ကြေငြာ ထားတဲ့ အတိုင်း ကုမ္ပဏီရဲ့ app အတွင်း ဝယ်ယူမှု မူဝါဒ ( in-app purchase policy ) ကို online group တွေ နှင့် event apps တွေ အတွက် လိုအပ် နေတဲ့ app အတွင်း ဝယ်ယူမှု( in-app purchase ) ကင်းလွှတ်ခွင့် သက်တမ်း နောက်ဆုံး ရက်ကို နောက်တစ်ကြိမ် တိုးပေး လိုက်ပါတယ်။

အဲ့ဒီ အမျိုးအစားတွေ ဖြစ်တဲ့ App တွေက ဇွန် ၃၀ ရက်နေ့ အထိ အခြား ငွေပေးချေမှု ရွေးချယ်စရာ ( payment options ) တွေကို အသုံးပြု နိုင်ပြီး Apple ရဲ့ 15 ရာခိုင်နှုန်း မှ 30 ရာခိုင်နှုန်း ဖြတ်တောက်မှုကို ကုမ္ပဏီ အတွင်း App အတွင်း ဝယ်ယူမှု ( in-app purchases ) မှ နှုတ်ယူ နိုင်စေမှာပဲ ဖြစ်ပါတယ်။

” 2020 ခုနှစ်မှာ ကျွန်ုပ်တို့က COVID-19 ကူးစက် ရောဂါရဲ့ ရလဒ်ကြောင့် လူကိုယ်တိုင် လုပ်ဆောင်ရတဲ့ စနစ် မှ ဒစ်ဂျစ်တယ် စနစ် ဆီကို လိုက်လျော ညီထွေ ဖြစ်စေဖို့ လိုအပ်တဲ့ ဝန်ဆောင်မှု services တွေကို လိုက်လျော ညီထွေ ဖြစ်စေဖို့ လိုအပ်နေတဲ့ App တွေ နှင့် developer တွေကို ပံ့ပိုး ပေးဖို့ ရွေးချယ် ခဲ့ပါတယ် ” ဟု Apple မှ ရေးသား ဖော်ပြ ထားပါတယ် ။

“COVID ရဲ့ မကြာသေးမီက ပြန်လည် ပေါ်ပေါက်လာမှု နှင့် အတူ in-person services တွေ ပေါ်မှာ ဆက်လက် အကျိုး သက်ရောက်မှုကြောင့် ကျွန်ုပ်တို့က နောက်ဆုံး သတ်မှတ်ရက်ကို သက်တမ်း တိုးပေး ထားတာပဲ ဖြစ်ပါတယ် ။” လို့ Apple က ရေးသား ဖော်ပြ ထားပါတယ်။

Apple က 2020 ခုနှစ် စက်တင်ဘာ လက ၎င်းရဲ့ အက်ပ်အတွင်း ဝယ်ယူမှု မူဝါဒ ( in-app purchase policy ) ကို ပြောင်းလဲ ခဲ့ပါတယ်။အဲ့ဒါကတော့ online classes တွေ နှင့် virtual group events တွေ ကဲ့သို့သော “တစ်စမှတစ်စ နှင့် တစ်ပုံမှ တစ်ပုံ အထိ အချိန်နှင့် တပြေးညီ အတွေ့အကြုံတွေ ( “one-to-few and one-to-many realtime experiences,” )” ကို ပေးဆောင်တဲ့ App တွေကို ရှင်းလင်း ဖော်ပြတဲ့ App တွေဟာ အက်ပ်အတွင်း ဝယ်ယူမှု ( in-app purchases ) တွေ မှတစ်ဆင့် ငွေပေးချေမှု တွေကို လုပ်ဆောင် ရမှာပဲ ဖြစ်ပါတယ်။

သို့သော် ဆေးဘက် ဆိုင်ရာ ညှိနှိုင်းမှုတွေ ( သို့မဟုတ် ) အိမ်ခြံမြေ ခရီးစဉ်တွေ ကဲ့သို့ လူနှစ်ဦးသာ ပါဝင်တဲ့ “ person-to-person experiences ” ကို ခွင့်ပြုဖို့ ကုမ္ပဏီမှ ၎င်းရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲ ခဲ့ပါတယ်။

ကပ်ရောဂါ ကာလအတွင်း event platforms တွေကို ကော်မရှင် တစ်ခုအား ဖြည့်သွင်းခြင်း အတွက် ဝေဖန်မှု တွေနှင့် ရင်ဆိုင်ခဲ့ ရပြီးနောက် Apple က ၎င်းရဲ့ စည်းမျဉ်း သတ်မှတ်ထားတဲ့ group event apps တွေကို 2020 ခုနှစ် နိုဝင်ဘာ လမှာ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ် ခဲ့ပြီး နောက်ပိုင်းတွင် တားမြစ်ချက်တွေကို 2021 ခုနှစ် ဒီဇင်ဘာလ 31 ရက် အထိ သက်တမ်း တိုးပေး ခဲ့ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။