Apple က Mac rumors လတွေကြာပြီးနောက် October 18 ရက်နေ့တွင် Apple Event ကျင်းပဖို့ ကြေငြာ

Apple October 18th event invitation Image: Apple

Apple ၏ နောက်ထပ် hardware event ကို အောက်တိုဘာ လ ၁၈ ရက် နေ့တွင် ကျင်းပ လိမ့်မယ် ဆိုတာကို ယနေ့ ပေးပို့ ခဲ့တဲ့ ဖိတ်စာများ အရ သိရ ပါတယ် ။

ကုမ္ပဏီက ၎င်း၏ ဒုတိယ အကြိမ် second fall event ကို MacBooks အသစ် တစ်စုံ ၊ ဒီဇိုင်းသစ် higher-end Mac Mini နှင့် third-generation AirPods တစ်စုံ တို့ကို မိတ်ဆက်ဖို့ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု လိမ့်မည်ဟု မျှော်လင့်ရ ပါတယ်။

Invite video က Unleashed ဟူသော စကားလုံး တစ်လုံးကို သရုပ်ဖော် ထားပါတယ်။ Apple စျေးကွက် ရှာဖွေရေး အမှုဆောင် အရာရှိ ( Apple marketing exec ) Greg Joswiak ထံမှ tweet တွင် တွေ့ရတဲ့ အတိုင်း ၎င်းဟာ mini LED tech ကို လုပ်ဆောင်ချက် နည်းလမ်းတွေ ပေါ်တွင် အရိပ်အမြွက် ပြနိုင်တဲ့ အက္ခရာ ဖောင့်တစ်ခု ( a dotted font ) ထဲမှာ ပေါ်လာ ပါတယ်။

အထူး “ Special ” Apple Event ကို Apple.com မှာ အောက်တိုဘာ လ ၁၈ ရက် တနင်္လာနေ့ မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ် ( 1PM ET / 10AM PT ) အချိန်မှာ တိုက်ရိုက် ထုတ်လွှင့်ပေး သွားမှာပဲ ဖြစ်ပါတယ်။

သတင်းများအရ Apple က ၁၄ လက်မ နှင့် ၁၆ လက်မ MacBook Pro models အသစ်တွေကို ဖြန့်ချိဖို့ လျာထား ပါတယ်။ MacBooks အသစ် တွေဟာ Intel chips တွေ နှင့် Apple ၏ transition အတွက် နောက်ဆုံး ခြေလှမ်း ဖြစ်ပါ လိမ့်မယ်။ ၎င်းတို့ကို Apple က သူကိုယ်တိုင် ဒီဇိုင်း ဆွဲထားသော M1X လို့ ခေါ်တဲ့ Arm-based processor ဖြင့် အစားထိုး ထားပါတယ်။

Chip အသစ်က ယမန်နှစ်က မိတ်ဆက် ခဲ့သော M1 chip နှင့် ယှဉ်လျှင် performance ကို မြှင့်တင် ပေးနိုင် ပါတယ်။ Bloomberg ရဲ့ Mark Gurman မှ တင်ပြထားတဲ့ အတိုင်း M1X ဟာ M1’s eight နှင့် နှိုင်းယှဉ်လျှင် CPU cores ဆယ်ခု ရှိပြီး M1-equipped machines တွေမှာ ခုနစ်လုံး ( သို့မဟုတ် ) ရှစ်လုံး နှင့်ယှဉ်လျှင် graphics processors cores ၁၆ ဒါမှမဟုတ် 32 ခု ရှိပါတယ်။

အခြား မျှော်လင့်ထားတဲ့ features တွေထဲမှာ magnetic MagSafe chargingHDMI port တစ်ခု နှင့် SD card slot တစ်ခု ကဲ့သို့ ပရိတ်သတ် အကြိုက် MacBook features တွေ ပြန်လည် ရောက်ရှိလာ ပါတယ်။ အပြစ်တင်ခံရတဲ့ OLED touch bar က ဖယ်ရှားပစ်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေနိုင် ပါတယ်။ Gurman က မကြာသေးမီက ကုမ္ပဏီ၏ လက်ရှိ MacBook Pro ရဲ့ stock မှာ နည်းပါး လာပုံရတယ်လို့ မှတ်ချက် ချထားပါတယ်။

ကောလာဟလတွေက တူညီတဲ့ M1X processor ကို ပြန်လည် ဒီဇိုင်း ထုတ်ထားတဲ့ higher-end Mac Mini တွင် ပါ၀င် ပါလိမ့်မယ် ဟု ထောက်ပြ ထားပါတယ်။ Machine အသစ်ဟာ ယမန်နှစ် M1 model ထက် ပိုများတဲ့ port တွေ ပါ၀င်မှာ ဖြစ်ပြီး Thunderbolt / USB 4 Type-C ports နှစ်ခု နှင့် USB Type-A port နှစ်ခု ပါ၀င် ပါတယ်။အပြောင်းအလဲများက Mac Mini အသစ်ဟာ power users တွေ အတွက် ပိုပြီး သင့်တော် စေသင့် ပါတယ်။

နောက်ဆုံးတွင် Apple က ကုမ္ပဏီ၏ original true wireless earbuds ရဲ့ third generation ကို ကိုယ်စားပြုတဲ့ ဒီဇိုင်းအသစ် AirPods တစ်စုံကို ကြေငြာ နိုင်ပါတယ်။ AirPods ဟာ AirPods Pro နှင့် ဆင်တူတဲ့ ဒီဇိုင်းတွေကို shorter stems တွေ နှင့် ပြန်လည် ဒီဇိုင်း ထွင်ထားတဲ့ charging case တို့ ပါ ၀င် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။