Apple က ၎င်းရဲ့ ဝန်ထမ်းများအား ခွဲခြားဆက်ဆံမှု နှင့် အလွဲသုံးစား ပြုမှုတွေ အကြောင်း ပြောဆိုခွင့်ပေးတော့မယ်

Illustration by Kristen Radtke / The Verge

Financial Times မှ ပထမဆုံး ဖော်ပြခဲ့တဲ့ အတိုင်း အလုပ်ခွင် နှောင့်ယှက်မှု နှင့် ခွဲခြား ဆက်ဆံမှု ဆိုင်ရာ ပြဿနာတွေကို Apple မှ ဝန်ထမ်းများအား ထုတ်ဖော် ပြောဆိုခြင်း မပြုတော့ပါ။ ကုမ္ပဏီက ယခင် လုပ်ငန်းခွင် အခြေအနေတွေ ဆွေးနွေးမှု နှင့် ပတ်၀န်းကျင် ဘာသာစကားကို ချန်လှပ် ထားခဲ့တဲ့ Apple ရဲ့ non-disclosure agreements (NDAs) ကို ပြန်လည် သုံးသပ် ပြီးနောက် အဆိုပါ သတင်းကို မျှဝေ ခဲ့ပါတယ်။

Apple ရဲ့ ရှယ်ယာရှင်တွေက ပြီးခဲ့တဲ့ နှစ်က ၎င်းရဲ့ ဖုံးကွယ် ထားသော အပိုဒ်တွေကို အကြံပြု ထားတဲ့ အပြောင်းအလဲ တွေကို ပြုလုပ်ဖို့ ပျက်ကွက်ခဲ့ ပြီးနောက် မတ်လမှာ လွတ်လပ်တဲ့ ပြန်လည် သုံးသပ်မှုကို အတည်ပြုဖို့ မဲပေး ခဲ့ကြပါတယ် ။ အဆိုပါ ပဏာမ ခြေလှမ်းမှာ Nia Impact Captial ၊ အလုပ်အကိုင် ဆိုင်ရာ သဘောတူညီချက်တွေ ပွင့်လင်း မြင်သာမှု Transparency in Employment Agreements (TEA) ညွန့်ပေါင်း အဖွဲ့ နှင့် Silenced No More Act ရဲ့ ပူးတွဲ စပွန်ဆာ ဖြစ်သော Ifeoma Ozoma တို့က အလုပ်ခွင် နှောင့်ယှက်မှု နှင့် ခွဲခြား ဆက်ဆံခံရမှုတွေ အကြောင်း ထုတ်ဖော် ပြောဆိုကြသော အလုပ်သမားတွေကို အကာအကွယ်ပေးမယ့် ကျောထောက်နောက်ခံချက်တွေ ရှိလာခဲ့ ပါတယ်။

“Our Commitment to an Open and Collaborative Workplace,” ခေါင်းစဉ် တပ်ထားတဲ့ မှတ်စုမှာ Apple မှ “ဝန်ထမ်းတွေဟာ နှောင့်ယှက်ခြင်း နှင့် ခွဲခြား ဆက်ဆံခြင်း အပါအဝင် ၎င်းတို့ရဲ့ လုပ်ငန်းခွင် အခြေအနေတွေ အကြောင်း လွတ်လပ်စွာ ပြောဆိုခွင့် ရှိပါတယ်” ဟု ဖော်ပြ ထားပါတယ်။ လွတ်လပ်သော သုံးသပ်သူတွေက “လူတစ်ဦးရဲံ့ အပြုအမူနှင့် ပတ်သက်၍ ပြောဆို နိုင်စွမ်းကို ကန့်သတ် ထားတယ်ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ် ” ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ကိုသာ တွေ့ရှိ ခဲ့ပြီး Apple မှ “ထိုကန့်သတ်ချက်တွေကို တွန်းလှန်ရန် နှင့် ရှေ့ဆက် တိုးတက်မှုတွေနှင့် ရှင်းလင်းချက် တွေကို ပြုလုပ်ဖို့ ကတိပြု ထားပါတယ်။ ကုမ္ပဏီက US တစ်ဝှမ်းရှိ ဝန်ထမ်းတွေ အတွက် သီးခြား သဘော တူညီချက်တွေမှာ ကယ်လီဖိုးနီးယားရဲ့ Silenced No More Act မှ ဘာသာစကား ပါဝင်ပြီး ဖြစ်ပါတယ်။

#AppleToo စီစဉ်သူ နှင့် Apple အင်ဂျင်နီယာဟောင်း Cher Scarlett က Apple ရဲ့ ဖုံးကွယ်ထားသော အပိုဒ်တွေကို အသုံးပြုခြင်းဟာ ကုမ္ပဏီမှ နှုတ်ထွက်ပြီး “အကာအကွယ် ပေးထားတဲ့ ဖျော်ဖြေပွဲ စီစဉ်သူတွေရဲ့ အလွဲ သုံးစားပြုမှု နှင့် နှောင့်ယှက်မှုတွေကို ဖြစ်ပေါ်စေတဲ့ အကျပ်ကိုင်မှု နှင့် နှောင့်ယှက်မှုတွေမှာ ပါဝင်နေတယ်ဟု စွပ်စွဲ ခဲ့ပါတယ် ။ Insider မှ အစီရင်ခံစာ တစ်ခု အရ Scarlett က သီးခြား ခွဲထွက်ရေး သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကုမ္ပဏီမှ ထွက်ခွာခြင်း အကြောင်း အသေးစိတ် ပြောရန် Apple မှ သူမအား တားမြစ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ လတွေ အကြာမှာ ဘဏ္ဍာရေးမှူး တစ်စုက Apple မှ အလုပ်သမားတွေကို အသံတိတ်စေဖို့ ၎င်းရဲ့ NDAs ကို အသုံးပြုခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ Securities and Exchange Commission ကို တောင်းဆိုခဲ့ပါတယ်။

“Apple က သူတို့ရဲ့ အစီရင်ခံစာကို ထုတ်ပြန်ပြီး ပြည်တွင်းမှာရော နိုင်ငံတကာ အလုပ်သမားတွေ အတွက်ရော ဝန်ထမ်း စာချုပ်တွေမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက် စာပိုဒ်တွေ ကိုပါ အသုံးပြုတာကို အဆုံးသတ်လို့ ဝမ်းမြောက် မိပါတယ်” ဟု Nia Impact Capital က Twitter တွင် ရေးသားပြီး စာချုပ် ဝန်ထမ်းများလည်း ပါဝင်ပါတယ် ။ “ဒါဟာ နည်းပညာနယ်ပယ် အတွက် ကြီးမားတဲ့ပြောင်းလဲမှုပါပဲ။”

Reference: TheVerge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။