Apple ရဲ့ latest Beta က iPhone 13 Pro အတွက် Macro Mode ရှုပ်ထွေးမှုကို ဖြေရှင်းပေး

Photo by Vjeran Pavic / The Verge

Apple ရဲ့ latest iOS 15.2 beta က အဖွင့်/အပိတ် ( On / Off ) လုပ်ဖို့ အတွက် button တစ်ခု ထည့်သွင်းခြင်း နဲ့ အတူ iPhone 13 Pro ရဲ့ macro mode ကို ရိုးရှင်းအောင် ပြုလုပ် ပေးထား ပါတယ် ( via 9to5Mac )ပန်းပွင့်လေး နှင့် တူတဲ့ icon က macro photo ရိုက်ဖို့ object တစ်ခုနှင့် နီးကပ်တဲ့ အခါတိုင်းမှာ ပေါ်လာပြီး settings ထဲကို သွားစရာ မလိုဘဲ Auto Macro mode ကို အဖွင့် / အပိတ် ( On / Off ) လုပ်ခြင်းတွေမှာ အလွယ် တကူ switch လုပ်နိုင်စေ ပါတယ်။

ZolloTech မှ video တစ်ခုက iOS 15.2 beta 2 မှာ လက်ရှိ လုပ်ဆောင် နေတဲ့ feature ကို ပြသ ထားပါတယ်။ Auto Macro ကို ပိတ်ထားတာ ဆိုရင်လဲ တစ်ခုခု နှင့် နီးကပ် လာတဲ့ အခါမှာ button က သူ့ဘာသာ အလိုအလျှောက် ပေါ်လာ မှာပဲ ဖြစ်ပါတယ်။

၎င်းကို နှိပ်ပြီး အခြေခံ အားဖြင့် Auto Macro ကို ပြန်ဖွင့် ပေးလိုက် သလိုမျိုး phone က Macro Mode ကို အလိုလို switch လုပ်သွား မှာပဲ ဖြစ်ပါတယ်။ Button ကို ထပ်နှိပ်ပြီး Auto Macro ကို ပိတ်၍ ပုံမှန် camera ဆီကို ပြန်ပြီး ပြောင်းပေး ပါတယ်။

iPhone 13 ကို စတင် ရောင်းချတဲ့ အချိန်မှာ အချို့သော သုံးသပ် သူတွေက macro mode ကို အလိုအလျောက် ကူးပြောင်းခြင်းဟာ အံ့အားသင့်စရာ ကောင်းသော်လည်း UI မှာ ပြောင်းလဲမှု ဖြစ်တယ် ဆိုတာကို မပြသဘဲ phone က lenses တွေကို ပြောင်းနေတာ ဖြစ်တာကြောင့် တုန်လှုပ် သွားနိုင်ကြောင်း သုံးသပ်သူ တွေက ဆိုပါတယ်။ ( ၎င်းဟာ lens indicator က 1x မှ 0.5x သို့ ပြောင်းလဲခြင်း မရှိပါဘူး )။ အလိုအလျောက် switching လုပ်ပြီး ပိတ်နိုင် စေမယ့် toggle တစ်ခု ( Settings -> Camera -> Auto Macro ) ကို မိတ်ဆက်ခြင်းနှင့် အတူ Apple က ၎င်းအား ပြင်ဆင် ပေးခဲ့ သော်လည်း ၎င်းက အနည်းငယ် ရှုပ်ထွေး စေပါတယ်။ ultra-wide camera သို့ ပြောင်းပြီး subject တစ်ခု နှင့် နီးကပ် နေရုံမျှဖြင့် macro mode ထက် ကွဲပြား ခြားနားတဲ့ ရလဒ်တွေကို ရရှိ စေမှာပဲ ဖြစ်ပါတယ်။ Macro effect ကို အပြည့်အဝ replicate လုပ်ဖို့ အတွက် 0.9x သို့ manual အတိုင်း zoom လုပ်ဖို့လည်း လိုအပ် ပါတယ်။

iOS 15.2 beta 2 မှာ ပြောင်းလဲမှုဟာ ရိုးရှင်းတဲ့ အရာတွေပဲ ဖြစ်ပါတယ် ။ အဲဒါကို မစဉ်းစား ချင်ဘူး ဆိုရင် Auto Macro ကို ဖွင့်ထား နိုင်ပြီး object တစ်ခု နှင့် နီးကပ် နေပါက iPhone 13 Pro က macro picture ကို ရိုက်ယူ သွားမှာပဲ ဖြစ်ပါတယ်။

ပိုကောင်းတဲ့ ထိန်းချုပ်မှု control ကို လိုချင်ရင် ဒါမှ မဟုတ် switch jarring ကို ရှာချင်တယ် ဆိုရင် Auto Macro ကို ပိတ်နိုင် သော်လည်း ဖုန်းက macro picture ရိုက်ဖို့ လုပ်ဆောင် နေတယ်လို့ ထင်တဲ့ အခါမှာ ၎င်းကို button မှတစ်ဆင့် pop up ပေါ်လာစေ လိုပါက mode ဆီကို အလွယ်တကူ ဝင်ရောက် နိုင်သေး ပါတယ်။

ဒါဟာ system က အစ ကတည်းက ဘယ်လို စတင် လုပ်ဆောင် သင့်တယ် ဆိုတာ အတွက် ဖြစ်နိုင် သော်လည်း ၊ နောက်ဆုံးမှာ ၎င်းက ဖုန်းတွေ ဆီကို စတင် ရောက်ရှိ နေပြီ ဖြစ်တယ် ဆိုတာကို မြင်တွေ့ရခြင်းဟာ ကောင်းတဲ့ အရာ တစ်ခုပဲ ဖြစ်ပါတယ်။

ဒီပြင်ဆင်မှုက beta beta process တစ်ခုလုံးမှာ ဆက်လက် ရှိနေမှာ ဖြစ်ပြီး 15.2 final release ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မယ်လို့ မျှော်လင့် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။