Apple ရဲ့ ကောလာဟလ သတင်းတွေ ထွက်နေတဲ့ MacBook Pros တွေဟာ ပိုမို မြင့်မားတဲ့ resolution screens တွေ ရနိုင်ပါတယ်

Apple’s 2021 MacBook Pro with an M1 chip. Photo by Alexander Kramer for The Verge

နောက်ဆုံးပေါ် macOS Monterey beta တွင် Apple ၏ 14-inch နှင့် 16-inch MacBook Pros များ၏ resolution အကြောင်း သဲလွန်စများ ပါ၀င် နေတယ် ဟု MacRumors က ဖော်ပြ ထားပါတယ်။

Beta ပေါက်ကြားမှု အရ Apple ၏ ကောလာဟလ သတင်းများတွေ ထွက်ပေါ် နေတဲ့ MacBook Pros တွေဟာ ပိုမို မြင့်မားတဲ့ resolution screen တွေ ရရှိ နိုင်တယ်လို့ သိရ ပါတယ်။

ထွက်ရှိ လာမယ့် Operating System ၏ Seventh Beta တွင် Apple ၏ လက်ရှိ MacBook တွေမှာ support မပေးသော Resolution နှစ်ခု ဖြစ်တဲ့ “3456 x 2234 Retina” နှင့် “3024 x 1964 Retina,” တို့ကို ရည်ညွှန်း ထားတဲ့ ကိုးကားချက်တွေ ပါ၀င် ပါတယ်။

MacRumors theorizes အရ အဲဒီ Resolution အသစ် နှစ်ခုဟာ Apple ၏ 14-inch နှင့် 16-inch MacBook Pros တွေနှင့် အညီ ယခုနှစ်တွင် Design အသစ်တွေ နှင့် M1X ဟု ခေါ်သော Arm-based Apple processor အသစ် တို့ဖြင့် ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် လာလိမ့် မည်ဟု မျှော်လင့်ရ ပါတယ်။

ကိုးကားချက် အတွက် လက်ရှိ 16-inch MacBook Pro ဟာ 3072 x 1920 Resolution ရှိပြီး လက်ရှိ 13-inch MacBook Pro ရဲ့ display ဟာ 2560 x 1600 Resolution ရှိပါတယ်။ Resolution အသစ်တွေက မှန်ခဲ့ရင် laptop နှစ်လုံး စလုံးဟာ screen resolution အပြင် pixel density တွှေမှာပါ တိုးတတ် လာတာကို တွေ့ရ သင့်ပါတယ်။

တိုးတက်လာသော screen resolution များ အပြင် laptop နှစ်ခု စလုံးတွင် ပြန်လည် အားကောင်းတဲ့ magnetic MagSafe laptop charger တစ်ခု နဲ့ SD card slot နှင့် HDMI ကဲ့သို့ အသုံးဝင်သော port တွေ ပါ၀င်တယ် ဟူသော ကောလာဟလများ ထွက်ပေါ် နေပါတယ်။ လူအများ မနှစ်သက်တဲ့ OLED Touch Bar ဟာ မကြာမီ အစားထိုး ခံရနိုင် ခြေရှိကြောင်း သတင်းများလည်း ထွက်နေ ပါတယ်။

Laptop အသစ် တွေကို ယခုနှစ် Apple Event တွင် ကြေညာဖို့ မျှော်မှန်း ထားသော်လည်း ရက် အတိအကျကို လူသိ ရှင်ကြား ထုတ်ပြန်ခြင်း မရှိသေး ပါဘူး။ Apple က ဒီဇိုင်း မပြောင်းမီ MacBook Pro models များကို ယခုနှစ် မကုန်မီ မိတ်ဆက် ပေးလိမ့် မည်ဟု သတင်းများ ထွက်ပေါ် နေပြီး အောက်တိုဘာ လ ( သို့မဟုတ် ) နိုဝင်ဘာလ မှာ အခြား media event ပွဲ တစ်ခုတွင်လည်း ဖြစ်နိုင် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။