Apple က SharePlay ၊ iPhone 13 Pro camera options တွေပါ၀င်တဲ့ iOS 15.1

Photo by Chaim Gartenberg / The Verge

Apple ဟာ October လ 25 ရက်နေ့ တနင်္လာ နေ့က iOS 15.1 နှင့် iPadOS 15.1 တို့ကို ဖြန့်ချိ ခဲ့ပြီး အကြီးဆုံး feature အသစ် တစ်ခု အဖြစ် SharePlay feature ဟာ ပြန်လည်ပြီး ပါ၀င် လာခဲ့ တာပဲ ဖြစ်ပါတယ် ။

SharePlay feature ဟာ မူလက iOS 15 တွင် ပါ၀င် လိမ့်မယ် လို့ ယူဆ ရတဲ့ feature တစ်ခုပဲ ဖြစ်ပါတယ် ။ ၎င်းဟာ လူတွေကို သူငယ်ချင်းတွေ ( သို့မဟုတ် ) မိသားစု တွေနဲ့ ဖုန်းခေါ် ဆိုပြီး movies တွေ ၊ TV တွေ ကြည့်တာ ( သို့မဟုတ် ) music တွေကို အတူ တကွ နားထောင်တာ တို့ကို ပြုလုပ် နိုင်စေ မှာပဲ ဖြစ်ပါတယ်။ SharePlay က အကြောင်းအရာ အားလုံးကို တစ်ပြိုင်နက် ကြည့်ရှု နိုင်စေဖို့ အတွက် SharePlay က အကြောင်းအရာ ( content ) တွေကို ထပ်တူပြု ( syncs ) ပေးပါတယ်။

iOS 15.1 မှာ iPhone 13 Pro models တွေ အတွက် camera options တွေမှာ တိုးတက် လာမှု အချို့လည်း ပါဝင် ပါတယ်။ iPhone 13 Pro အတွက် Auto Macro အဖွင့်အပိတ် ( Auto Macro toggle ) အသစ် တစ်ခုကို ရရှိ နိုင်ပြီးပဲ ဖြစ်ပါတယ်။ ၎င်းကို စိတ် အနှောင့် အယှက် ဖြစ်မိ ပါက အလို အလျောက် macro mode ကို ပိတ်နိုင် စေမှာပဲ ဖြစ်ပါတယ် ။

ProRes video capture ကို iOS 15.1 မှာလည်း ရနိုင်ပြီး ဖြစ်သောကြောင့် iPhone 13 Pro တွင် 128GB models တွေ ( သို့မဟုတ် ) 256GB models တွေနဲ့ အထက်မှာ ရှိတဲ့ models တွေတွင် 4K နှင့် 30fps/1080p ဖြင့် ပိုမို ကောင်းမွန်တဲ့ အရည် အသွေးနဲ့ video ကို ရိုက်ကူး နိုင်မှာပဲ ဖြစ်ပါတယ်။

Apple က iOS 15.1 အသုံးပြုသူ တွေအား ၎င်းတို့၏ COVID ကာကွယ်ဆေး ကတ် ( COVID vaccine card ) ကို Wallet app မှာ ထည့်သွင်း နိုင်စေ မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ feature ဟာ Google ရဲ့ Android version အလုပ် လုပ်ပုံ နဲ့ ဆင်တူ ပါတယ်။ HomePod အသုံးပြုသူ ဖြစ်ပါက ၊ iOS 15.1 ဟာ HomePod နှင့် HomePod Mini ဆီကို Spatial Audio support နှင့် အတူ Lossless Audio နဲ့ Dolby Atmos တို့ကိုပါ ပေါင်းထည့် ပေးထား ပါတယ်။

Image: Apple

iOS 15.1 နှင့် iPadOS 15.1 နှစ်မျိုး စလုံးကို တွဲဖက် သုံးနိုင်တဲ့ devices တွေမှာ Settings -> General -> Software Update ကို သွားပြီး ယခု ရရှိ နိုင်ပြီပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။