Apple က iPhone 12 အတွက် MagSafe Battery Pack ကို ထုတ်လုပ်

ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက Apple သည် iPhone 12 ကို MagSafe နှင့်အတူ ကြိုးမဲ့ အားသွင်းသည့်အခါ iPhone 12 အတွက် သံလိုက် အရန် ဘက်ထရီများ ပြုလုပ်ခဲ့ ပါတယ်။ Apple က iPhone 12 အတွက် MagSafe Battery Pack ကို ဒေါ်လာ ၉၉ ဖြင့် တရားဝင် ထုတ်ပြန်လိုက် ပါတယ်။

Apple ၏ MagSafe Battery Pack ဟာ iPhone 12 mini , iPhone 12 , iPhone 12 Pro နှင့် iPhone 12 Pro Max တို့၏ နောက်ဘက်တွင် ရှိပြီး ဘက်ထရီ သက်တမ်း ပိုမို ကြာရှည်စေရန် ထောက်ပံ့ ပေးပါတယ်။ Pack တွင် Lightning cable ဖြင့် အားသွင်း ထားသည့်အခါ ၎င်းသည် ချိတ်ဆက်ထားသော iPhone ကိုပါ တစ်ချိန်တည်း အားသွင်းပြီးသား ဖြစ်ပါတယ်။ အမြန်ဆုံး အားသွင်းချိန်အတွက် 20-watt USB-C charger ကို အသုံးပြုရန် Apple က အကြံပြုထား ပါတယ်။

MagSafe Battery ကို ဇူလိုင်လ ၁၉ ရက်မှ စတင်၍ ပထမဆုံးအကြိမ် မှာယူ နိုင်မှာပဲ ဖြစ်ပါတယ်။ Apple က MagSafe Battery သည် iOS 14.7 နှင့်အထက် iPhone 12 စီးရီးများတွင်သာ အသုံးပြု၍ အဆင်ပြေသည်ဟု ပြောကြားခဲ့ ပါတယ်။

Apple ၏ MagSafe Battery ဟာ iPhone 12 ထွက်ကတည်းက ပေါ်ထွက်လာသော wireless battery packs ၏ existing accessory ecosystem တစ်ခုတွင် ပါ၀င် ပါတယ်။ သို့သော် ဤ third-party options သည် MagSafe မှ အတည်ပြုခြင်းထက် တရားဝင် မဟုတ်ဘဲ “MagSafe compatible” ဖြစ်ပါတယ်။ ယခုအချိန်တွင် Apple ၏ first-party အသုံးအဆောင်ဟာ တစ်ခုတည်းသော တရားဝင် MagSafe Battery Pack အသုံးအဆောင်ပဲ ဖြစ်ပါတယ်။ Apple ၏ battery case အတွက် battery percentage ကို Battery widget နှင့် Lock Screen ပေါ်တွင် ဖော်ပြ ပါလိမ့်မည်။

MagSafe Battery Pack က iPhone ဘက်ထရီသက်တမ်း မည်မျှ ကြာရှည် စေနိုင်မှာလဲ (သို့မဟုတ်) တိုးနိုင် ပါသလား ဆိုတာကို တရားဝင် ထုတ်ပြန်ချက် မရှိသေးပါဘူး။ MagSafe Battery Pack သည် ဘက်ထရီစွမ်းရည်မှာ 1,460 mAh (သို့) 11.2 watt hours ဖြစ်ပါတယ်။ Apple က MagSafe Battery Pack နှင့် ချိတ်ဆက်ထားသော iPhone ကို 5 W မြန်နှုန်းဖြင့် အားသွင်း လိမ့်မည်ဟု ဆိုပါတယ်။

Reference: 9to5Mac

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။