Apple က 2023 ခုနှစ်မှာ ၎င်းရဲ့ Own iPhone Modem Design သို့ ပြောင်းလဲသွားကြောင်း သတင်းများ ထွက်ပေါ်

Photo by Vjeran Pavic / The Verge

Apple က future iPhones တွေ အတွက် ၎င်း၏ own 5G modems ထုတ်လုပ်ဖို့ အတွက် Taiwan Semiconductor Manufacturing Co. နှင့် ပူးပေါင်းဖို့ စီစဉ် နေကြောင်း Nikkei ရဲ့ report အသစ် အရ သိရ ပါတယ်။

Apple က ဘယ် လုပ်ငန်းသုံး product အတွက်မှ အသုံး မပြုရ သေးတဲ့ TSMC ရဲ့ 4nm process node ကို အသုံးပြုဖို့ စီစဉ် နေတယ် ဟု ဆိုပါတယ် ။ modem ကို 4nm ဖြင့် 2023 ခုနှစ်မှာ mass production ထုတ်လုပ်မှု ဆီကို မပြောင်းရွှေ့မီ 5nm မှာ ဒီဇိုင်း ဆွဲကာ စမ်းသပ် ထားကြောင်း ထင်ရှား နေပါတယ်။

Apple က ၎င်း၏ ကိုယ်ပိုင် ဒီဇိုင်း ကို modems သို့ ပြောင်းရန် 2023 ခုနှစ်မှာ ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ဖို့ မျှော်လင့် ထားပြီး TSMC က natural manufacturing partner လဲ ဖြစ်ပါတယ်။

iPhone 13 lineup တစ်ခုလုံး အတွက် modem components တွေကို ထုတ်လုပ် ပေးနေပြီး industry မှာ dominant player ဖြစ်တဲ့ Qualcomm ဟာ ၂ နှစ် အတွင်း iPhone modem မှာယူမှု ရဲ့ 20 ရာခိုင်နှုန်း သာ ရရှိဖို့ မျှော်လင့် ထားကြောင်း မကြာ သေးမီက ပြောကြား ခဲ့ပါတယ်။

Apple ဟာ Intel ရဲ့ 5G modem ဌာနခွဲ ( Intel’s 5G modem division ) ကို 2019 ခုနှစ် မှာ ဝယ်ယူ ခဲ့ပြီး နောက်ဆုံး ပြောင်းလဲမှု ကို အရိပ် အယောင် ပြသ ခဲ့ပါတယ်။ ထိုနှစ် အစောပိုင်းမှာ Qualcomm နှင့် Apple တို့ဟာ စျေးကြီးတဲ့ modem နည်းပညာ မူပိုင်ခွင့် (modem technology patent ) အငြင်းပွားမှုကို အဆုံးသတ်ဖို့ သဘော တူညီ ခဲ့ကြပြီး Qualcomm မှ ပြေလည်မှု တစ်စိတ် တစ်ပိုင်း အဖြစ် ဒေါ်လာ 4 ဘီလီယံ ( $4 billion ) ကျော် ရရှိခဲ့ ပါတယ်။

TSMC က Mac computers တွေ အတွက် iPhone A-series processors တွေ နှင့် M1 systems-on-chip အားလုံးကို ထုတ်လုပ် ပါတယ်။ Nikkei ၏ အဆို အရ Cupertino အခြေစိုက် TSMC engineers ရာပေါင်း များစွာဟာ Apple ရဲ့ chip development team နှင့် လုပ်ဆောင်ဖို့ ရှိပါတယ်။ 2022 iPhone SoCs များက TSMC’s 4nm process ကို အသုံးပြုမယ် ဟု သတင်းများ ထွက်ပေါ် နေပြီး အချို့သော iPad models များက 2023 ခုနှစ် တွင် 3nm processors တွေကို လက်ခံ အသုံးပြု လာလိမ့်မယ် ဟု ဆိုပါတယ်။ Nikkei က iPhone ဟာ 3nm ကို လာမည့် နှစ်မှာ အမြန်ဆုံး ကျော်တက် စေလိမ့်မယ် ( 3nm jump “as soon as” next year ) ဟု ပြောကြား ခဲ့ပါတယ်။

Image : www.asia.nikkei.com

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။