Android 12 ၏ နောက်ဆုံး beta က အနည်းငယ် အပြောင်းအလဲများ နှင့် widget အသစ်များ

ယနေ့တွင် Google က နောက်ဆုံး Android 12 beta အား OS ကို စနစ်တကျ မထုတ်လွှင့်မီ Android 12 ကို ကြေငြာသောအခါ မြင်တွေ့ရသော အမြင် ပြောင်းလဲမှုများ နှင့် features အချို့ ပါ၀င် ပါတယ်။

Beta 5 တွင် ထင်ရှားသော ပါဝင်မှု အချို့က ချစ်စရာကောင်းသော geometric clock widgets များ ၊ ပြန်လည် ဒီဇိုင်းထုတ်ထားသော calculator နှင့် lock screen shortcut အသစ် တို့ ဖြစ်ပါတယ်။

9to5Google ၏ အဆိုအရ clock app က အဆင့်မြှင့်ထားသော ဒီဇိုင်း ၊ animations အသစ်များနှင့် phone ကို လိုက်လျော ညီထွေ ဖြစ်စေသော အရောင် (colors) များ ပါ၀င် ပါတယ်။

9to5Google မှလည်း Beta 5 က calculator app အတွက် ပြုပြင်ထားသော ကတိ ပြုထားသော ပစ္စည်းကို pastel colors များ နှင့် ပိုများတဲ့ playful buttons များဖြင့် ယူဆောင် လာကြောင်း ပြောပြ ထားပါတယ်။

XDA က lock screen တွင် phone screen ပွင့် လာတာနဲ့ တစ်ပြိုင်နက် ခလုတ် တစ်ချက် နှိပ်ရုံဖြင့် smart home device များကို ထိန်းချုပ်နိုင်သော device control shortcut အသစ် တစ်ခု ပါ ၀ င်သည်။ Device controls များက Android 11 ၏ power menu မှ quick settings shade သို့ ပြောင်းသွားပြီ ဖြစ်သော်လည်း ယခုအခါ ၎င်းတို့ကို အခြား ပိုအဆင်ပြေသော နေရာတွင် ရနိုင်ပါတယ်။ ၎င်းခလုတ်က Beta 2 ရှိ lock screen တွင် ပြသော Google Wallet shortcut နှင့် ချိတ်ဆက် ထားပါတယ်။

နောက်ဆုံးအနေနဲ့ Android Police က beta ကို သုံးနေတဲ့ Pixel ပိုင်ရှင်တွေဟာ ပိုမို ကောင်းမွန်တဲ့ search bar အသစ်ကို သုံးခွင့် ရပြီလို့ ပြောပြထား ပါတယ်။ ရိုက်ထည့်လိုက်သော အရာက ပြန်လည် ရယူရန် app နှင့် Google ရလဒ်များအပြင် ကိုက်ညီသော settings များ၊ contacts များနှင့် အခြား အရာများကို ပြပါ လိမ့်မယ်။ ယခင် beta များ ၊ setting screen နှင့် API များ ပုံစံတွင် ဤ feature ၏ အရိပ်အမြွက်များကို မြင်ဖူးခဲ့သော်လည်း ယခု ၎င်းဟာ အမှန်တကယ် အသုံးပြုနိုင်သော အရာ ဖြစ်ပါတယ်။

Beta 5 တွင် ပြထားသော သေးငယ်သည့် tweaks အချို့ အတွက် 9to5Google (သို့မဟုတ်) XDA ၏ ပြီးပြည့်စုံသော roundups များကို ဖတ်နိုင်ပါတယ်။ ဒါတင်မဟုတ်သေးပဲ ကိုယ်တိုင် အပြောင်းအလဲများကို ကြည့်လိုပြီး ပံ့ပိုးထားသော ကိရိယာ တစ်ခုရှိလိုလျှင် beta ကို မည်သို့ ထည့်သွင်းရမည်ကို လမ်းညွှန်အတိုင်း လိုက်နာ နိုင်ပါတယ် ။ OS ကို “in a few weeks,” ဖြန့်ချိရန် စီစဉ်နေစဉ်တွင် ၎င်းဟာ rough edges အနည်းငယ် ရှိကောင်းရှိ နေနိုင်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။