Android 12 ၏ ကောင်းမွန်သော auto-rotate system အသစ်ကို ဘယ်လို သုံးရမလဲ ?

Google ၏ လာမည့် Android 12 update တွင် မျက်လုံးကို ဖမ်းစားနိုင်သော eye-catching features များစွာ ရှိပါတယ်။ သို့သော် ကိုယ့်ကိုကိုယ် လှည့်စားတာ မခံပါနဲ့၊ တစ်ခါတစ်ရံတွင် ၎င်းက သေးငယ်ပြီး သိသာ ထင်ရှားမှု မရှိသော အရာများ ဖြစ်ပါတယ်။

၎င်းက software ၏ auto-rotate system အသစ် ဖြစ်သည်မှာ သေချာ ပါတယ် ။ Android 12 ဖြင့် Google က screen ကို ၎င်း၏ ဒေါင်လိုက် ( vertical ) နှင့် အလျားလိုက် ( horizontal ) အနေအထားတွေ အကြား ပြောင်းသည့်အခါ ထိန်းချုပ်ဖို့ ပိုမို ကောင်းမွန်သော နည်းလမ်းတစ်ခုကို မိတ်ဆက် ခဲ့ပါတယ်။ တိုးတက်မှုက spotlight မှာ အချိန်များစွာ မရသော်လည်း ၎င်းက ပိုမို လွယ်ကူအောင် ပြုလုပ်နိုင်သည့် အလားအလာ ရှိသည်ဟု ယုံကြည် ပါတယ်။

အတိုချုပ် ပြောရရင် phone ရဲ့ accelerometer ကိုသာ အားကိုး နေမည့်အစား ဘယ်လိုနည်းလမ်းနဲ့ device ကို ကိုင်တွယ်ရမလဲ ဆိုတာကို တွက်ဆဖို့ နှင့် screen အတိုင်း rotate ဖြစ်ဖို့ Android 12 က device အား ၎င်း၏ front-facing camera ကို လမ်းညွှန်အဖြစ် သုံးခွင့် ပြုထားပါတယ်။

ဤနည်းအားဖြင့် software က screen မှာ ဘယ်လိုမျိုး အနေထား ရှိနေကြောင်း နှင့် screen က အမြဲ လိုက်ဖက်နေဖို့ ဘယ်လိုမျိုး နေရာယူရမလဲ ဆိုတာကို နားလည်နိုင်မှာပဲ ဖြစ်ပါတယ်။

အားသာချက်ကတော့ လှဲလျောင်းနေတဲ့ အနေအထားတွေမှာ ၊ phone ကို angle တစ်ခုတွင် ကိုင်ထားတဲ့ အနေအထားတွေ နှင့် ၎င်းအား portrait mode တွင် အမှန်တကယ် ကြည့်သောအခါ screen က ၎င်း၏ landscape လမ်းကြောင်းသို့ လှည့်သွားတာ စတဲ့ အဲဒီ အဆင်မပြေတဲ့ အခြေအနေတွေကို မဖြစ်အောင် တားဆီလို့ပဲ ဖြစ်ပါတယ်။ System ဟာ မျက်နှာ အနေအထားအတိုင်း အထူး ဂရုပြု ဆောင်ရွက်သောကြောင့် ၎င်းဟာ ဘယ်လိုမျိုး ကိုင်ထားတဲ့ အနေအထား တွေမှာမဆို screen က အမှန်တကယ် အသုံးပြုနေသော device မှာ လိုက်ဖက်တဲ့ အနေအထား ဖြစ်ပေါ်စေ ပါတယ်။ option အသစ်ကို active ဖြစ်ဖို့ ဆိုတာ ပိုမို လွယ်လွယ်ကူကူ လုပ်နိုင်မှာ မဟုတ်ပေ။

FOUR STEPS TO A SMARTER AUTO-ROTATE

( မှတ်ချက် – ဤအဆင့်များက Google ၏ Android 12 interface အတွက် အထူးပြုပြီး Pixel phones တွေမှာ auto-rotate system အသစ်ကို တင်ပြပုံ နည်းလမ်း ဖြစ်ပါတယ်။ ဒီအချိန်မှာ အခြား device-makers တွေက software ရဲ့ interface (သို့) သူတို့ရဲ့ device တွေမှာ ဘယ်လို features တွေကို ဘယ်လို ပြောင်းလဲပေးမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ )

  • Screen ၏ အပေါ်ဆုံးမှ နှစ်ကြိမ် အောက်သို့ ပွတ်ဆွဲလိုက်ပါ ၊ ထို့နောက် Quick Settings panel ၏ ညာဘက် အောက်ထောင့်ရှိ gear-shaped settings icon ( ဂီယာပုံစံ ) ကို နှိပ်ပါ။
  • “ Display” ကို နှိပ်ပါ။
  • “Auto-rotate screen.” ဟု ဆိုသည့် စာကြောင်းကို မြင်တဲ့အထိ အောက်သို့ ဆွဲချပါ။ အဲဒါကို နှိပ်ပါ။
  • “ Use Auto-rotating” ဘေးရှိ toggle က On အနေအထားတွင် ရှိနေပြီးလား သေချာ ကြည့်ပါ၊ ထို့နောက် “Enable Face Detection.” ဘေးရှိ toggle ကို ဖွင့်ပါ။

This tucked-away toggle will enable Android 12’s effective new auto-rotate.

Once you turn on the auto-rotate, you can then enable face detection.

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။