Alan Wake Remastered က PlayStation, Xbox နှင့် PC သို့ ရောက်ရှိလာပြီ

Remedy Entertainment ၏ 2010 classic thriller-aciton game ( ဟာ platforms များစွာ အတွက် ပြန်လည် ပြုပြင်ထားသော version (a fully remastered version) ကို ရရှိပြီပဲ ဖြစ်ပါတယ်။ Epic Games ၏ ဖြန့်ချိရေး လက်ခွဲက Alan Wake Remastered ကို PlayStation 4/5 ၊ Xbox Series S/X နှင့် Epic Games Store တို့တွင် PC မှာ ထုတ်လုပ် ဖြန့်ချိ ပါလိမ့်မယ်။

ယခင် Xbox 360 exclusive ဟာ platforms များစွာတွင် ‘all-new’ 4K ရုပ်ထွက် ရရှိပါတယ်။ မူလက Xbox 360-exclusive ခေါင်းစဉ် တစ်ခု က အချိန်တော်တော်ကြာ development period ကို ဖြတ်သန်း သွားခဲ့ပြီး Alan Wake ဟာ ပစိဖိတ် အနောက်မြောက်ပိုင်း ( Pacific Northwest ) မှာ သူ၏ ပျောက်ဆုံးနေသော ဇနီးကို ရှာဖွေသူ စာရေးဆရာအဖြစ် သရုပ်ဆောင်သည့် psychological thriller တစ်ခု ဖြစ်ပါတယ်။ ဒီ game ကို 2012 မှာ PC အတွက် ဖြန့်ချိ ခဲ့ပေမယ့် Alan Wake Remastered က PlayStation platforms တွေမှာ ပထမဆုံး ရရှိနိုင်သည့် အထိမ်းအမှတ်ပဲ ဖြစ်ပါတယ်။

Alan Wake Remastered ဟာ base game နှင့် ၎င်း၏ တိုးချဲ့မှု နှစ်ခု ဖြစ်သော The Signal နှင့် The Writer အပါအ၀င် ဆယ်စုနှစ်ဟောင်းဂိမ်း (decade-old game )မှ အကြောင်းအရာ အပြည့်အစုံ ပါ၀င် ပါတယ်။

ယမန်နှစ်က Epic ဟာ Remedy ခေါင်းစဉ်ဖြင့် ထုတ်ဝေရေး သဘော တူညီချက် တစ်ခုကို ကြေငြာ ခဲ့ပါတယ်။ ၎င်းထဲမှ တစ်ခုဟာ studio ကို “AAA multi-platform production,” ဟု ဖော်ပြ ထားပြီး အခြား တစ်ခုမှာ တူညီတဲ့ universe တစ်ခုမှာ သေးငယ်သည့် project တစ်ခု ဖြစ်ပါတယ်။ Alan Wake Remastered က နောက်ဆုံး project ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရ သေးပါ။ ဒါဆိုရင် အဲဒါကို ဖြစ်နိုင်ချေ ရှိသော Alan Wake နောက်ဆက်တွဲလို့ ညွှန်ပြ နိုင်ပါတယ်။ Remedy ၏ နောက်ဆုံး game ဖြစ်သော critically acclaimed Control တွင် Alan Wake ကို subtle references အချို့ ပါ၀င် ပါတယ်။

Alan Wake Remastered အတွက် တိကျတဲ့ ဖြန့်ချိမယ့်ရက် မရှိသေး ပေမယ့် အရမ်း မကြာသင့်ပါဘူး။ Epic ကတော့ ဒီနှစ် ဆောင်းဦး ကာလ မှာ ရလိမ့်မယ်လို့ ပြောပါတယ်။

Alan Wake Remastered 2

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။