AirPods Max တွင် Power button မရှိရင်ဘက်ထရီကိုချွေတာပါ့မလား

Apple မှမကြာသေးမီက AirPods Max  ကိုထုတ်ပြန်မိတ်ဆက်ပေးခဲ့ပါတယ်။ အချို့သောနိုင်ငံများတွင် တရားဝင် ဖြန့်ချီရောင်းချပေးနေပြီပဲဖြစ်ပါတယ်။ လူတွေတော်တော်များများက  AirPods Max တွင်ပါဝါခလုတ်မပါ လာတာကို အံ့အားသင့်ကြပြီး ဒီလို ပါဝါခလုတ်မပါလာတာဟာ ဘယ်လိုအလုပ်လုပ်မလဲဆိုတာကို သံသယရှိနေကြပါတယ်။

မကြာသေးမီ ရက်အနည်းငယ်အကြာတွင် Apple ဘက်က၎င်း၏ ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်တွေကြော်ငြာ်ခဲ့ပါတယ်။ အထူးသဖြင့်ဘက်ထရီနှင့်၎င်း၏အသုံးပြုမှုနှင့်ပတ်သက်ပြီး အထူးဖော်ပြထားပါတယ်။

  AirPods Max ကိုစတင်ဖြန့်ချီခဲ့တုန်းက သတင်းအချက်အလက်အရ   AirPods Max ဟာ Smart Case ထဲသို့တင်သွင်းပြီးနောက်  low power mode သို့ချက်ချင်းရောက်သွားလိမ့်မည်။

Smart Case တွင် ၁၈ နာရီဆက်တိုက်အသုံးမပြုဘဲထားပါက AirPods Max သည် Ultra Low Power mode (Ultralow Power) သို့ကူးပြောင်းသွားကာ Bluetooth နှင့် Find My တို့၏ လုပ်ဆောင်ချက်ကိုပိတ်ပြီး အသုံးပြုမှုအချိန်ကိုတိုးမြင့် ပေးမှာဖြစ်ပါတယ်။

Apple မှမကြာသေးမီက AirPods Max  ကိုထုတ်ပြန်မိတ်ဆက်ပေးခဲ့ပါတယ်။ အချို့သောနိုင်ငံများတွင် တရားဝင် ဖြန့်ချီရောင်းချပေးနေပြီပဲဖြစ်ပါတယ်။

သုံးစွဲသူများက AirPods Max ကို Case ရဲ့ပြင်ဘက်တွင် ၅ မိနစ်ထားလိုက်ပါက အလိုအလျောက် low power mode သို့ပြောင်းသွားမှာဖြစ်ပြီး (၃) ရက် သို့မဟုတ် ၇၂ နာရီဆက်တိုက် ချိတ်ဆက်အသုံးပြုခြင်းမလုပ်ပဲထားပါက ၎င်းသည် Ultra low Power mode (Ultralow Power) သို့ပြောင်းသွားပြီး Bluetooth နှင့် Find My ကိုပိတ်ပေးမှာဖြစ်ပါတယ်။

Case အတွင်းထားပြီးအသုံးမပြုပဲထားခြင်းနှင့် Case အပြင်ဘက်တွင်အသုံးမပြုပဲထားခြင်း၏ကွာခြားချက်မှာ Ultra low power mode သို့ကူ‌ပြောင်းချိန် ၄ ဆပိုကြာမြင့်နိုင်ပါတယ်။ AirPods Max ကိုနာရီ ၂၀ အထိသီချင်းနားထောင်ခြင်း၊ ဖုန်းပြောခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းဆိုခြင်းတို့အတွက်သုံးနိုင်ပြီး နောက်ခံဆူညံသံထိန်းချုပ်စနစ်ဖွင့်ခြင်းနှင့် Spatial Audio တို့ကိုလည်းအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် (၅) မိနစ်သာအားသွင်းရုံဖြင့် တစ်နာရီခွဲခန့်အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Photo : MacRumors

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။