AirPods Gen 3 နဲ့ Mini LED မျက်နှာပြင်ပါသည့် iPad Pro ထွက်မယ့်ရက်ကြော်ငြာ

လေ့လာသုံးသပ်သူများက AirPods Gen3 သည်လာမည့်နှစ်အစောပိုင်းတွင် Mini LED မျက်နှာပြင်ပါသည့် iPad Pro နှင့်အတူထွက်လာမည်ဟုဆို ပါတယ်။

Mini LED မျက်နှာပြင်အကြောင်းသတင်းအချက်အလက်များကိုခဏတာကြားခဲ့ရပြီးဖြစ်ပါတယ်။ iPad Pro အသစ်တွင် Mini LED မျက်နှာပြင်ကို ပထမဆုံးတပ်ဆင်မည်ဟုကောလဟာလများ ထွက်ပေါ်ခဲ့ပြီးနောက်ဆုံးပေါ်အချက်အလက်များအရ iPad Pro အသစ်သည် Mini LED မျက်နှာပြင်နှင့်အတူပါရှိကြောင်းဖော်ပြခဲ့ပါတယ်။

၎င်းကိုလာမည့်နှစ်ပထမသုံးလပတ်တွင် AirPods 3 နှင့်အတူထွက်လာမယ်လို့ဆိုပါတယ်။လေ့လာသုံးသပ်သူ Ming-Chi Kuo ၏အဆိုအရ Apple သည် iPad Pro နှင့် AirPods Gen 3တို့ကိုထုတ်လုပ်ရန်ထိုင်ဝမ်မှထုတ်လုပ်သူ Career Technology နှင့်ပူးပေါင်းမယ်လို့ဆိုပါတယ်။

iPad Pro ကိုလာမည့်နှစ်ဇန်နဝါရီလအစောပိုင်းတွင်ထွက်လာမှာဖြစ်ပြီး AirPods 3သည်ပထမနှစ်ဝက်အတွင်းထွက်လာဖို့ရှိပါတယ်။

လေ့လာသုံးသပ်သူများက AirPods Gen3 သည်လာမည့်နှစ်အစောပိုင်းတွင် Mini LED မျက်နှာပြင်ပါသည့် iPad Pro နှင့်အတူထွက်လာမည်ဟုဆို ပါတယ်။

AirPods Gen3 အတွက်နောက်ဆုံးရသတင်းအချက်အလက်များ

AirPods Gen 3သည် AirPods Pro နှင့်ဆင်တူသည့် SoC (System on Chip) သို့ပြောင်းသွားလိမ့်မည်။ အရင်ကထက်အရွယ်အစားအရ သေးငယ်သွားမှာဖြစ်ပါတယ်။ Ear Tip ကိုအစားထိုးနိုင်ပြီး ဘက်ထရီသက်တမ်းကြာရှည်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။စျေးနှုန်းပိုနိမ့်သွားဖို့လဲရှိပါတယ်။ သို့သော် AirPods Pro တွင်ပါရှိသည့် Noise Canceling ကဲ့သို့သောလုပ်ဆောင်ချက်မျိုး အကြောင်းကိုတော့မဖော်ပြသေးပါ။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။