AI Automation ဆိုတာဘာလဲ အလုပ်ပြီးမြောက်မှုကို ဘယ်လိုပြောင်းလဲသလဲ

အလုပ်တွေကို လူကိုယ်တိုင် လုပ်စရာမလိုပဲ ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် အလိုအလျောက်လုပ်သွားအောင်လုပ်လိုရနေပြီ ဒီနောက်ကွယ်မှာရှိနေတဲ့ နည်းပညာက “AI Automation” ပါပဲ။
Automation ဆိုတာဘာလဲ?
Automation ဆိုတာဟာ Artificial Intelligence (AI) နဲ့ Automation ကို ပေါင်းစပ်ထားတဲ့ နည်းပညာဖြစ်ပြီး၊ လူတွေ ခေါင်းစားရတဲ့ အလုပ်များ ကို စက်ရုပ်များ၊ ကွန်ပျူတာဆော့ဖ်ဝဲလ်များ၊ AI များက အလိုအလျောက် လုပ်ဆောင်ပေးတဲ့ system တစ်ခုပါ။ လူတွေ လုပ်ရတဲ့ အလုပ်များကို AI က စနစ်တကျ ပြုလုပ်ပေးခြင်းဖြစ်သည်။
ဥပမာ – Customer အချက်အလက် စုဆောင်းခြင်း၊ စာရင်းပြုလုပ်ခြင်းခြင်း၊ ငွေလွှဲပြောင်းမှု စစ်ဆေးခြင်း၊ စျေးကွက်ခွဲခြမ်းစိတ်ဖြာမှု စသည်တို့မှာ AI Automation ဟာ အထူးအသုံးဝင်ပါတယ်။
Automation ရဲ့ အဓိက ရည်ရွယ်ချက်က ရှုပ်ထွေးပြီး လူအများကြီးနဲ့ ထပ်တလဲလဲလုပ်ရတဲ့ အလုပ်တွေကို အလိုအလျောက် ပြုလုပ်ပေးခြင်းဖြင့် လူတွေကို creative ဖြစ်စေပြီး productivity တိုးမြှင့်ပေးတာ ဖြစ်ပါတယ်။
AI Automation က အလုပ်ပြီးမြောက်မှုကို ဘယ်လိုပြောင်းလဲသလဲ?
၁။ အချိန်ကုန်သက်သာခြင်း
Automation က လူတွေရဲ့ ပြုလုပ်ရခက်ပြီး ထပ်တလဲလဲလုပ်ရတဲ့ အလုပ်များကို အလိုအလျောက် ပြုလုပ်ပေးတာကြောင့် လူအလုပ်သမားတွေရဲ့ အလုပ်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။ အချိန်ကို ဖန်တီးမှုအလုပ်တွေ၊ နည်းပညာတိုးတက်မှုလိုအပ်တဲ့ အလုပ်တွေမှာ သုံးနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေရဲ့ quality တိုးတက်ပြီး အလုပ် မြန်မြန် ပြီးပါတယ်။
၂။ အမှားအယွင်း လျော့နည်းစေခြင်း
လူတွေအလုပ်လုပ်တဲ့အခါ အမှားဖြစ်တတ်သလို သတင်းအချက်အလက်များလည်း မှားသွားနိုင်ပါတယ်။ Automation ကတော့ အလုပ်များကို တိကျအမှားနည်းစေပြီး အချက်အလက်မှန်ကန်မှုရှိစေပါသည်။ စစ်ဆေးမှုများ၊ ဒေတာသိမ်းဆည်းမှုများကို အလိုအလျောက် စနစ်တကျ ပြုလုပ်ပေးတာကြောင့် အလုပ်နောက်ကျမှုနဲ့ ပြဿနာဖြစ်မှုကို နည်းစေပါတယ်။
၃။ Productivity နဲ့ economy တိုးတက်ခြင်း
Automation က အလုပ်များကို အရှိန်အဟုန်မြင့်စွာ ပြုလုပ်ပေးနိုင်သောကြောင့် လုပ်ငန်းအတွက် လိုတဲ့ data များကို မြန်ဆန်တိကျစွာ ရရှိနိုင်ပြီး qualityမြင့်တက်စေပါတယ်။ အလုပ်များကို မိမိ လိုအပ်သလို အချိန်မကုန်ဘဲ ပြီးစေတာကြောင့် လုပ်ငန်းအောင်မြင်မှု တိုးတက်စေပါတယ်။
၄။ Human resourceကို ချွေတာနိုင်ခြင်း
Automation က နေရာတစ်ခုမှာ ပုံမှန်လုပ်ရတဲ့ အလုပ်များကို အလိုအလျောက်လုပ်ပေးရာမှာ လူအလုပ်သမားတွေဟာ ပိုမိုဖန်တီးမှု၊ စဉ်းစားမှု၊ ဆန်းသစ်တီထွင်မှုလိုအပ်တဲ့ လုပ်ငန်းတွေမှာ ပိုမိုအာရုံစိုက်နိုင်ပါတယ်။ ဒါကြောင့် လူ့စွမ်းအားကို အကျိုးရှိစွာ အသုံးချနိုင်ပြီး တိုးတက်မှုမြင့်မားတဲ့ နည်းပညာဖန်တီးမှုတွေကို ဖော်ထုတ်နိုင်သည်။
ခလုတ်တစ်ချက်နှိပ်ပြီး အလိုအလျောက်လုပ်ငန်းများ စတင်ဖို့
ယနေ့ခေတ် Automation နည်းပညာတွေရဲ့ အရေးပါမှုက ခေတ်အလိုက် အလုပ်လုပ်နည်းတွေကို ပြောင်းလဲပေးထားပြီး၊ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ပင် စိတ်ချလက်ချ အလုပ်တွေကို လုပ်ဆောင်ပေးနိုင်လာပါပြီ။
လူများအတွက် အလုပ်ရှုပ်ခက်ခဲမှုနည်းလာပြီး အချိန်ပိုမိုရရှိ၊ လုပ်ငန်းတိုးတက်မှု မြင့်မားလာသောကြောင့် Automation ဟာ လုပ်ငန်းအတွက် မရှိမဖြစ် တိုးတက်ရေး tool တစ်ခု ဖြစ်လာပြီ ဖြစ်ပါတယ်။
နာမည်ကြီးတဲ့ Automation Tool များ
Automation က နည်းပညာအရမ်းများတဲ့ နယ်ပယ်ဖြစ်တဲ့အတွက် များစွာသော Tool နဲ့ Platform များ ရှိပါသေးတယ်။ အောက်မှာတော့ အထူး လူသိများပြီး သုံးစွဲသူ အများအပြားရှိတဲ့ နာမည်ကြီး Tool ၅ ခုကို အဓိက ဖော်ပြပေးထားပါတယ်။
1. UiPath
UiPath ဟာ Robotic Process Automation (RPA) နည်းပညာနဲ့ လူကြိုက်အများဆုံး Tool တစ်ခုဖြစ်ပြီး၊ mail ၊ ဒေတာအရောင်းအဝယ် စီမံမှု၊ Customer Service စတဲ့ အလုပ်တွေကို အလိုအလျောက် ပြုလုပ်ပေးနိုင်တာကြောင့် ကုမ္ပဏီတွေနဲ့ စီးပွားရေးအဖွဲ့အစည်းများထဲမှာ ကျယ်ပြန့် အသုံးပြုနေကြပါတယ်။
2. Automation Anywhere
Automation Anywhere ဟာ လုပ်ငန်းစဉ်များကို အလိုအလျောက်စနစ်တကျ ပြုလုပ်ပေးနိုင်တဲ့ Platform ဖြစ်ပြီး AI နည်းပညာနဲ့ ပေါင်းစပ်ထားတာကြောင့် စွမ်းဆောင်ရည်မြင့် အလုပ်များစွာကို ချက်ချင်း ပြီးမြောက်စေပြီး လုပ်ငန်းတွေကို ထိရောက်ဆုံးစေပါတယ်။
3. Microsoft Power Automate
Microsoft ရဲ့ Cloud-Based Automation Tool ဖြစ်ပြီး Microsoft 365 နဲ့ ချိတ်ဆက်အသုံးပြုသူများအတွက် အလွန် သင့်တော်ပါတယ်။ သင့်လုပ်ငန်းရဲ့ Workflow များကို အလိုအလျောက်စနစ်တကျ ပြုလုပ်ရန် ကူညီပေးနိုင်ပြီး Office နဲ့ ပေါင်းစပ်စွာ အသုံးပြုနိုင်ခြင်းကြောင့် လူသိများပါသည်။
4. Zapier
Zapier သည် Web Application များကြား data ချိတ်ဆက်ခြင်းနှင့် Workflow Automation ပြုလုပ်ရာတွင် လူကြိုက်အများဆုံး Tool ဖြစ်ပြီး၊ အလုပ်များကို လွယ်ကူမြန်ဆန်စွာ ချိတ်ဆက်ပေးနိုင်သည်။ AI နည်းပညာများနှင့်ပေါင်းစပ်ပြီး Automation လုပ်ငန်းစဉ်များကို ပိုမိုချောမွေ့စေပါသည်။
5. IBM Watson
IBM Watson ဟာ AI Platform အနေနဲ့ Natural Language Processing (NLP), Machine Learning နည်းပညာများ အသုံးပြုကာ စီးပွားရေးလုပ်ငန်းများအတွက် အလိုအလျောက် Automation များ ဖန်တီးပေးသည်။ စာရင်းများစစ်ဆေးခြင်း၊ customers အချက်အလက် စုဆောင်းခြင်း စသည့် လုပ်ငန်းများကို အလိုအလျောက်ပြုလုပ်နိုင်သည်။
နိဂုံးချုပ်
Automation ဆိုတာဟာ လူလုပ်နေရတဲ့ အလုပ်များကို ပိုမိုလွယ်ကူမြန်ဆန်စွာ ပြီးမြောက်စေပြီး၊ လုပ်ငန်းအတွက် အချိန်၊ စွမ်းအား၊ အမှားအယွင်းများကို လျော့ပါးစေပြီး အလုပ်လုပ်နိုင်မှုကို တိုးတက်စေပါတယ်။
နာမည်ကြီး Automation Tool များကို အသုံးပြုခြင်းဖြင့် သင့်လုပ်ငန်းတွေအတွက် ပိုမိုအကျိုးရှိစေပြီး Productivityမြင့်တက်စေမှာ ဖြစ်ပါသည်။ ဒီနည်းပညာကို စတင်အသုံးချခြင်းက လုပ်ငန်းအောင်မြင်မှု ရရှိရန် အခြေခံဖြစ်ပါသည်။
Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။
reference website : Fusion Solution
သင်ကျွန်ုပ်တို့နှင့်ဆက်သွယ်လိုပါက ဤနေရာကို နှိပ်ပါ။
Related Articles
- Chatgpt မှာ အသစ်ပါဝင်လာသော Agent Mode
- Website တွေ ကို ဘာကြောင့် SEO ဦးစားပေးပြီးရေးသင့်သလဲ
- facebook post တွေကို အကျိုးရှိအောင် ဘယ်လို boost မလဲ။
- Mobile Data မကုန်အောင် App Data များကို ထိန်းချုပ်နည်းများ
- Jasper AI ဆိုတာဘာလဲ? Microsoft Word ထဲမှာ ဘယ်လိုအသုံးပြုမလဲ?
- Internet Download Manager နဲ့ အမြန်ဆုံး Download ပြုလုပ်ခြင်း