AI (Artificial Intelligence) ဉာဏ်‌တု

AI (Artificial Intelligence) ဉာဏ်‌တု ဆိုတာ ဘာလဲ။

AIဆိုသည်မှာ ကျွန်တော်တို့ အသုံးပြုနေသော Computer အား လူသားများကဲ့‌သို့ စဉ်းစားနိုင်စွမ်း ပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဦးနောက်အတုဟု ဆိုနိုင်သည်။ကျွန်‌တော်တို့ နေ့စဉ် အသုံးပြုနေသော ITနှင့် ပတ်သက်သည့် အရာများတွင်လျင် AI များကို အသုံးပြုထားကြသည်။ Apple မှ Siri၊ Amazon မှ Alexa နှင့် Samsung company မှ Bixby တို့သည် advance AI များ ဖြစ်ကြသည်။ 

social media များ ဖြစ်သည့် Facebook, Instagram, Twitter များတွင် လည်း AI၏ အသုံးပြုမှုကို  ထင်ရှားစွာ တွေ့နိုင်သည် ။ Facebook အပေါ်သို့ ဓာတ်ပုံ တစ်ပုံ တင်ရာတွင် ပုံအတွင်းပါ လူများ၏ မျက်နှာများအား scan ဖတ်သည်။ tag တွဲပေးခြင်း၊ သင့်၏ Facebook Account history အား အခြေပြုကာ သင်ရှာဖွေထားသည်။ ထိုအရာများနှင့်သက်ဆိုင်သော post များအား သင်၏ newsfeed တွင်ပြပေးခြင်း တို့ သည်AI ကို အသုံးပြုထားကြခြင်း ဖြစ်သည်။ ဒ့ါအပြင် ယနေ့ တိုးတက်လာသော Mobile Smart Phones များတွင် ဖုန်း call ဝင်လာသည့် အခါ spam number ဟု ထည့်သွင်းနိုင်ခြင်း နည်းပညာ ရှိသည်။

Email များတွင် လည်း Spam mail၊ personal mail ဟူ၍ အလိုအလျှောက် စစ်ဆေးပေးနိုင်သည့် လုပ်ဆောင်ချက်သည် AI ၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်။  AI တွင် ယေဘူရ အားဖြင့် Top-down နှင့် Bottom-up ဟူ၍ နှစ်မျိုး ရှိသည်။ Top-down သည် လိုအပ်သော သတင်း အချက် အလက်များအား ကြိုတင် ထည့်သွင်းထားပြီး သင့်လျော်သော တုံ့ပြန်မှုများ ပေးခြင်း ဖြစ်သည်။ Bottom up. သည် လိုအပ်သော အခြေခံ သတင်း အချက်အလက် များကိုသာ ပေးထားသည်။  ၎င်းအား အသုံးပြုလိုသော ပတ်ဝန်းကျင် တွင် ထားရှိကာ အလိုအလျှောက် သင်ယူစေခြင်း  ဖြစ်သည်။ ယနေ့ ခေတ်တွင် အသုံး တွင်ကျယ်သော AI များဖြစ်သည့် SIRI နှင့် အခြားသော ယခု ပေါ်ထွက်နေ‌သော နည်းပညာများသည် Top-down နည်းပညာ ကို အသုံးပြုထားခြင်းဖြစ်သည်။

Bottom up သည် science fiction များတွင် ပါသော လူသားစက်ရုပ် များနှင့် တူသည်။ ယခု အခါတွင် Top Down AI  သည် အောင်မြင်မှုများနှင့် အတူ တိုးတက်မှု များရှိကာ ပညာရှင်များ မျှော်မှန်းထားသော စစ်မှန်သည့် AI သို့ နီးကပ်လာပြီ ဖြစ်သည်။ Bottom up မှာမူ ‌အောင်မြင်စွာ ချပြနိုင်ခြင်း မရှိသေးချေ။ အကယ်၍ bottom up တွင် အောင်မြင်မှု ရှိမည် ဆိုပါလျှင် နည်းပညာ တော်လှန်မှု တစ်ခု ဖြစ်ပေါ်ကာ ကျွန်တော်တို့ ၏ လူမှုနေထိုင်ခြင်း အပေါ် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိနိုင်သည်။ (Bottom up AI )၏ မအောင်မြင်ရသေးသည့် အကြောင်း တစ်ချက်မှာ မိမိဘာ မိမိ သင်ယူနိုင် သည့် နည်းပညာအား မပြုလုပ် နိုင်သေး‌သောကြာင့် ဖြစ်သည်။ Bottom up AI မှ မဟုတ်ဘဲ Top down AI သည်လည်း မိမိဘာ မိမိ အသုံးပြုသူ မပါဘဲနှင့် စွမ်းဆောင်နိုင်သော Robot များသည်လည်း ပြုလုပ်ထားပြီး ဖြစ်သည်။

ထို Robot များသည် လူသားများ၏ စိတ်ခံစားချက်အား ဖတ်နိုင်သည့် အထိ စွမ်းရည်များ ပါရှိသည်။ သို့သော် Top Down AI အား အခြေခံ ထားသည့် Robot များဖြစ်သည့် အလျောက် ၎င်းတို့၏ လုပ်ဆောင်ချက် များသည် ထည့်သွင်းထားသည့် အချက်အလက်များ ထက် ပို၍ လုပ်နိုင်စွမ်း မရှိပါ။ ဤသည်မှာ Bottom up AI နှင့် နှိုင်းယှဉ်လျှင် အားနည်းချက် တစ်ခု ဖြစ်သလို အားသာချက် တစ်ခုလည်း ဖြစ်သည်။ Bottom up AI တွင် လူသားများ အတွက် ဘေးကင်းလုံခြုံမှု လုပ်ဆောင်ချက်များ မပါရှိခဲ့ပါက လူသားများ အပေါ် အန္တရာယ် ပြုမှုများ ရှိလာနိုင်သည်။ ဤသည်မှာ AI နည်းပညာအား သတိပြုရမည့် အကြောင်းတစ်ချက်ပင် ဖြစ်သည်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။