Adobe က iPad ပေါ်တွင် Photoshop အတွက် မကြာမီလာမယ့် Camera Raw support ကို ပြသ

Adobe က Camera Raw ကို iPad ရဲ့ Photoshop version ဆီကို သယ်ဆောင် လာပြီး hands-on video တစ်ခုတွင် ဘယ်လို အလုပ် လုပ်တယ် ဆိုတာကို ပြသ ခဲ့ပါတယ်။ iPad ပေါ်မှာ ရှိတဲ့ Photoshop အတွက် senior product manager တစ်ယောက် ဖြစ်တဲ့ Ryan Dumlao က အဲ့ဒီ case တွင် Fujifilm တစ်ခု ( သို့မဟုတ် ) iPhone 12 Pro နှင့် iPhone 13 Pro မှ ProRAW files တွေကို camera ဆီသို့ တိုက်ရိုက် တင်သွင်းတဲ့ RAW နှင့် DNG photos များကို edit လုပ်ဖို့ Camera Raw ကို ဘယ်လိုမျိုး သုံးနိုင်တယ် ဆိုတာကို ပြသ ထားပါတယ်။

Camera Raw ဟာ Photoshop ထဲမှာ advanced RAW image edit လုပ်ခြင်းကို ခွင့်ပြု ပေးတဲ့ long-standing plugin တစ်ခု ဖြစ်ပြီး ၎င်းက Lightroom ရဲ့ processing engine ၏ technical basis လည်း ဖြစ်ပါတယ်။ Dumlao ရဲ့ video မှာ RAW file ကို desktop version ဆီသို့ သယ်ဆောင် နိုင်တဲ့ non-destructive editing အတွက် smart object တစ်ခု အဖြစ် import လုပ်ခြင်း အပါအ၀င် Photoshop ထဲမှာ setting အမျိုးမျိုး နှင့် exposure parameters တွေကို ဘယ်လိုမျိုး edit လုပ်နိုင်တယ် ဆိုတာကို ပြသ ထားပါတယ်။

သူ၏ demo တွင် Dumlao က သစ်ပင်၏ အကိုင်းအခက်လေး တွေကို ဖယ်ရှားခြင်း နှင့် သူ၏ photo မှာ သတ်မှတ် ထားတဲ့ ကြိုး ( rope ) ၏ အရောင် ( color ) ကို ညှိပေးခြင်း ကဲ့သို့သော tasks တွေကို လုပ်ဆောင်ဖို့ အတွက် Photoshop features တွေကို အသုံးပြု ထားတာပဲ ဖြစ်ပါတယ်။

Photographers တွေ များစွာက Lightroom ကို သူတို့၏ အဓိက primary editing tool အဖြစ် အသုံးပြု နေစဉ် iPad အတွက် Camera Raw ကို ထည့်ခြင်း အားဖြင့် Photoshop ကို သူတို့၏ လုပ်ငန်း လည်ပတ်မှု ( workflow ) ၏ ကြီးမားတဲ့ အစိတ်အပိုင်း အဖြစ် အသုံးပြု နေတဲ့ iPad ပိုင်ရှင်တွေ အတွက် photo editing ကို သိသိ သာသာ တိုးတက် ကောင်းမွန် အောင် ပြုလုပ် လာနိုင် ပါလိမ့်မယ်။ Adobe က ဘယ် အချိန်မှာ ဖြန့်ချိမယ် ဆိုတာကို တိတိကျကျ ကြေငြာ ထားတာမျိုး မဟုတ်ဘဲ ၎င်းဟာ “ မကြာမီလာမည် ( “coming soon.” ) လို့ ပြောထားခြင်းသာ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။