Adobe က Editing Tools တွေကို ရိုးရှင်းလွယ်ကူစေမယ့် Creative Cloud Express App အသစ်ကို မိတ်ဆက်

Adobe က full-on pros တွေ ထက် အပြင်က ဖန်တီးသူတွေရဲ့ ပရိတ်သတ် ပိုများတာကို သိရှိ လာသောကြောင့် ၎င်းရဲ့ ပိုမို ကောင်းမွန်တဲ့ tools အချို့ကို အပျော်တမ်း သုံးတဲ့ သူတွေ အတွက် ဖွင့်ပေးဖို့ App အသစ်ကို ဖြန့်ချီ လိုက်ပါတယ်။

Creative Cloud Express ဟု ခေါ်တဲ့ App ဟာ အသုံးပြုသူ တွေအား layers တွေ ၊ AI effects တွေ နှင့် font library တစ်ခု နှင့်အတူ လုပ်ဆောင် နိုင်စေမှာ ဖြစ်တဲ့ အခြေခံ ဗားရှင်းတွေ ၊ ရုပ်ပုံ နှင့် ဗီဒီယို တည်းဖြတ်ရေး ကိရိယာတွေကို ပံ့ပိုး ပေးထား ပါတယ်။

“လူတော်တော် များများဟာ ရိုးရှင်းပြီး ပိုပြီး လက်လှမ်းမီ နိုင်တဲ့ အရာ တစ်ခုကို လိုအပ်နေတာ ဖြစ်ပြီး အဲ့ဒီ customers တွေက လုပ်ငန်းစဉ်ထက် ရလဒ် တွေကို ပိုအာရုံစိုက် နေကြပါတယ် ” လို့ Adobe ရဲ့ ထုတ်ကုန် အရာရှိချုပ် Scott Belsky က The Verge သို့ ပြောကြားခဲ့ ပါတယ်။ Creative Cloud Express ကို အသုံးပြုသူ အသစ်တွေက Photoshop ကဲ့သို့ လျင်လျင် မြန်မြန် ကြည့်ကောင်းအောင် ပြုလုပ် နိုင်တဲ့ Adobe ရဲ့ ပိုပြီး လုပ်ဆောင် နိုင်စွမ်း ရှိတဲ့ ကိရိယာ tools “endure the learning curve” တွေ အသုံးပြုသူ အသစ်တွေ မလိုအပ် စေဖို့ ဒီဇိုင်း ထုတ်ထား ပါတယ်။

အပလီကေးရှင်းကို ဆိုရှယ် မီဒီယာ မန်နေဂျာတွေ ၊ အသေးစား လုပ်ငန်း ပိုင်ရှင်တွေ နှင့် ကြော်ငြာဖို့ တစ်ခုခု ရှိသော်လည်း ဂရပ်ဖစ် ဒီဇိုင်းကို ကျွမ်းကျင်သူ မဟုတ်တဲ့ သူတွေ အတွက် ဒီဇိုင်း ထုတ်ထားပုံ ရပါတယ်။

မတူညီတဲ့ ပုံစံတွေ အတွက် ပြုလုပ် ထားတဲ့ ကြိုတင် ဒီဇိုင်း ပုံစံ နမူနာ တွေမှ flier တစ်ခု၊ Facebook post တစ်ခု ၊ Instagram story ၊ YouTube thumbnail ၊ restaurant menu ၊ စာအုပ် အဖုံး စသည်ဖြင့် ရွေးချယ် နိုင်မှာပဲ ဖြစ်ပါတယ်။

နမူနာ ပုံစံတစ်ခုကို ရွေးချယ်ပြီးတာနှင့် ၎င်းအတွင်းရှိ အင်္ဂါရပ် အားလုံးကို ချိန်ညှိ နိုင်မှာပဲ ဖြစ်ပါတယ် ။ Adobe ထုတ်ကုန် မန်နေဂျာ တစ်ဦးက စာသားကို ချိန်ညှိ နိုင်ပုံ ၊ Adobe ရဲ့ stock image library မှ assets အသစ်များကို တင်သွင်းခြင်းနှင့် ကာတွန်း ထည့်ခြင်း တို့ကို ပြသခဲ့ ပါတယ်။

App ကို ပထမဆုံး စတင်တဲ့ အခါ အခမဲ့ ဖြစ်ပါတယ်။ သို့သော် Adobe Stock ပုံတွေကို ဝင်ရောက် ကြည့်ရှုခွင့် ကဲ့သို့သော အပို ဝန်ဆောင်မှုတွေက တစ်လလျှင် $9.99 စာရင်းသွင်းမှုဖြင့် ရနိုင်မှာပဲ ဖြစ်ပါတယ်။ (၎င်းတို့က Creative Cloud အစီအစဉ် များစွာရဲ့ လက်ရှိ စာရင်းသွင်းသူတွေ အတွက်လည်း ပါ၀င် ပါတယ် ) ။ ၎င်းကို ယနေ့မှ စတင်ပြီး iOS ၊ Android နှင့် ဝဘ်ပေါ်တွင် ရရှိနိုင် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။