Adobe က Creative Cloud ဆီကို Collaborative Mood Board တစ်ခု ထပ်ထည့်

Creative Cloud Canvas is Adobe’s answer to services like Miro. | Image: Adobe

Adobe က Creative Cloud ရဲ့ website ကို teams တွေ ကြားထဲ ပူးပေါင်း လုပ်ဆောင်ဖို့ အချက် အချာ ကျတဲ့ hub တစ်ခု အဖြစ် ဖန်တီးရန် ကြိုးစား နေပါတယ်။ ထို့ကြောင့် ယနေ့ ၎င်းဟာ platform ဆီကို ဦးတည်တဲ့ tools အသစ် အချို့ ကို ကြေငြာ လိုက်ပါတယ်။ ၎င်းတို့ဟာ Photoshop နှင့် Illustrator တို့၏ အခြေခံ web-based versions တွေ ၊ mood boards တွေကို ဖန်တီး နိုင်စေမယ့် Canvas ဟု ခေါ်သော feature အသစ် တစ်ခု နှင့် projects တွေ အတွက် synchronize assets တွေကို teams စီစဉ်ပြီး ထပ်တူ ကျစေတဲ့ Spaces ဟု ခေါ်သော feature တစ်ခု စတဲ့ tools အသစ်တွေပဲ ဖြစ်ပါတယ်။

Canvas ဟာ designers တွေ အသုံးပြု ပြီးသား ဖြစ်တဲ့ tools များစွာ နှင့် ဆင်တူ ပါတယ်။ Miro ၊ PureRef ရှိပါတယ် ။ လုပ်ချင်ရင် Figma မှာ ဒီလိုမျိုး လုပ်နိုင် ပါတယ်။ သို့သော် ၎င်းဟာ Adobe ၏ ecosystem နှင့် ပေါင်းစပ်ခြင်း ရဲ့ အကျိုး ကျေးဇူးတွေ ပါဝင် ပါတယ်။ Cloud documents တွေကို canvas တစ်ခု ပေါ်သို့ ဆွဲတင် နိုင်ပြီး အပြောင်းအလဲတွေ ပြုလုပ်ဖို့ ၎င်းတို့အား ဖွင့်နိုင်ခြင်း နှင့်အတူ ၎င်းတို့က original file ဆီသို့ ပြန်လည် ချိတ်ဆက် ပေးမှာပဲ ဖြစ်ပါတယ်။

Teams တွေ အနှံ့ ဖိုင်များ စုစည်းခြင်း အတွက် Adobe ၏ interface အသစ် ဖြစ်တဲ့ Spaces နဲ့လည်း ချိတ်ဆက် ထားပါတယ်။ Creative Cloud ၏ website က Google Drive မှာ အသုံးပြုတဲ့ bare-bones တစ်ခုရဲ့ အမျိုးအစား အဖြစ် လုပ်ဆောင် နေပြီ ဖြစ်သော်လည်း cloud PSD တွေ အားလုံး အတွက် ဖြစ်ပါတယ်။အခု Adobe က ပါ၀င်တဲ့ သူတိုင်း အတွက် Teams တွေ အလိုက် ၊ projects တွေ အလိုက်သင့် အရာတွေကို group ဖွဲ့ဖို့ နည်းလမ်း တစ်ခု ထပ်ထည့် ထားပါတယ်။ Spaces တွေမှာ Canvas files တွေ ၊ asset libraries တွေ နှင့် cloud files တွေ ပါဝင် နိုင်ပါတယ် ။ Adobe apps တွေကို အဓိက အသုံးပြုတဲ့ teams တွေ အတွက် ၊ ၎င်းတို့ကို ထွက်မသွား ( never leave ) စေဖို့ လွယ်ကူ လာစေ ပြီပဲ ဖြစ်ပါတယ်။

Canvas နှင့် Spaces များကို ချက်ချင်း ရရှိ နိုင်မှာ မဟုတ်ပါ။ Adobe က ၎င်းတို့အား လာမည့် နှစ်တွင် လူတိုင်း ဆီကို ဖြန့်ချိဖို့ စီစဉ် နေသော်လည်း ယခု အချိန်မှာ ၎င်းတို့ကို အကန့်အသတ် ရှိတဲ့ beta ဖြင့် ရရှိ နိုင်ပါတယ်။

Updates တွေဟာ Adobe ၏ ပိုမို ကျယ်ပြန့်တဲ့ ရည်မှန်းချက် ( broader goals ) နှစ်ခုမှာ ပါဝင် ပါတယ်။ Software ကွင်းဆက် ( software chain ) တစ်ခု လုံးကို collaborate လုပ်ဖို့ နှင့် ပိုင်ဆိုင်ဖို့ ပိုမို လွယ်ကူ စေသောကြောင့် ဘယ်သူမှ Adobe ၏ apps တွေကို ချန်ထားဖို့ မလိုအပ် ပါဘူး။

Adobe က မကြာသေးမီက လူကြိုက် များသော web-based video collaboration tool တစ်ခု ဖြစ်တဲ့ Frame.io ကို ဝယ်ယူမှု အပြီး သတ်စေ ခဲ့ပါတယ်။

၎င်း service နှင့် ပတ်သက်ပြီး မျှဝေဖို့ သတင်း မရှိသေး သော်လည်း အဲ့ဒီ mission မှာလည်း ကြီးမားတဲ့ အခန်း ကဏ္ဍမှ ပါဝင် နေတယ်ဟု ယူဆလို့ ရနိုင် ပါတယ်။

Creative Cloud Spaces lets users organize shared assets. | Image: Adobe

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။