Chatgpt မှာ အသစ်ပါဝင်လာသော Agent Mode

ChatGPT ရဲ့ new feature တစ်ခုအနေနဲ့ Agent Mode ကို OpenAI က မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီ Mode ကတော့ သင့်ကို AI အသုံးပြုရာတွင် ပိုမို powerfull ဖြစ်စေပြီး၊ မိမိ လုပ်ဆောင်ချင်တဲ့ အရာများကို အလိုအလျောက် automation လုပ်ပြီး အလိုအလျောက် လုပ်ခိုင်းထားနိုင်ပါတယ်
Agent Mode ဆိုတာဘာလဲ?
Agent Modeဆိုတာက ChatGPT ရဲ့ new feaure တစ်ခုပါ။ မူရင်း ChatGPT က သင့်ရဲ့ chat ၊ response နဲ့ မေးခွန်းများကို ဖြေဆိုပေးတာဖြစ်ပေမဲ့၊ Agent Modeကတော့ AI ကို computer တစ်လုံးအဖြစ်မဟုတ်ပဲ partner တစ်ယောက်လို စီမံခန့်ခွဲခွင့်၊ လုပ်ဆောင်ခွင့် ပိုမိုပေးထားတာဖြစ်ပါတယ်။
ဒါ့ကြောင့် AI ဟာ အလုပ်များကို ကိုယ်တိုင် စီမံခန့်ခွဲပြီး၊ သင့်အတွက် အချိန်ကုန်ကျစရာနည်းပြီး အလုပ်များကို အလိုအလျောက် ပြီးမြောက်စေပါတယ်။
Agent Mode ရဲ့ လုပ်ဆောင်ချက်များ
chat အတွင်း response များ ပိုမိုတိကျစွာ ထုတ်ပေးခြင်း
AI သည် သင့်မေးခွန်းများကို ပိုမိုနက်ရှိုင်းပြီး Context ကိုမှန်ကန်စွာ သိရှိနိုင်ပြီး၊ သင့် လိုအပ်ချက်အတိုင်း answers များကို ဖော်ထုတ်ပေးနိုင်ပါသည်။အလိုအလျောက် အလုပ်များ ဆောင်ရွက်ပေးခြင်း
Agent Modeအောက်တွင် AI သည် စာရွက်စာတမ်းရေးခြင်း၊ အချက်အလက်ရှာဖွေရေး၊ ပြန်လည်စာရင်းရေးခြင်း၊ Email ပို့ခြင်း စတဲ့ လုပ်ငန်းများကို သင့်အတွက် ကိုယ်တိုင် ဆောင်ရွက်ပေးနိုင်ပါသည်။စိတ်ကြိုက် Customization
သင်၏ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီအောင် Agent Modeကို ပြင်ဆင်၍ သင့်အတွက် အကောင်းဆုံး အသုံးပြုနိုင်ရန် ပြင်ဆင်နိုင်ပါသည်။ဘက်စုံအသုံးပြုမှု
Agent Modeသည် စီးပွားရေးလုပ်ငန်း၊ ပညာရေး၊ ဂိမ်းဖန်တီးမှု အပါအဝင် လုပ်ငန်းအမျိုးမျိုးတွင် အသုံးချနိုင်ပြီး၊ သင့်လုပ်ငန်းအလိုက် အကောင်းဆုံးအကျိုးရှိစေဖို့ ရည်ရွယ်ထားပါတယ်။
Agent Modeကို မည်သို့ စတင်အသုံးပြုမလဲ?
Settings ထဲကနေ Agent Modeဖွင့်ခြင်း
ChatGPT Dashboard ထဲက Settings သို့ဝင်ပြီး Agent Modeကို သက်ဆိုင်ရာအတိုင်း ဖွင့်ပါ။Agent ကို တိုက်ရိုက် စီမံခန့်ခွဲခြင်း
စိတ်ကြိုက် Agent များ ဖန်တီး၍ တာဝန်ပေးနိုင်ပါသည်။ ဥပမာ – “စာရွက်စာတမ်းရေးဆွဲပေးပါ”၊ “အီးမေးလ်များကို စီမံပေးပါ” စသဖြင့်။အလုပ်များကို အလိုအလျောက် ဆောင်ရွက်စေခြင်း
Agent Modeသည် သင်၏ လိုအပ်ချက်များအရ အလုပ် Workflow များ ပြုလုပ်ပေးနိုင်ပြီး စက်ရုပ်တစ်လုံးလို AI ကို အလုပ်များခိုင်းထားနိုင်သည်။
Agent Modeရဲ့ အကျိုးကျေးဇူးများ
အချိန်ကုန်သက်သာစေခြင်း
ရိုးရှင်းတဲ့ လုပ်ငန်းများကို AI ကိုယ်တိုင် ကူညီပြီး လုပ်ဆောင်ပေးတဲ့အတွက် သင့်အချိန်ကို အခြား အရေးကြီးတဲ့ အလုပ်များအတွက် အသုံးချနိုင်သည်။အမှားလျော့နည်းခြင်း
လူမှားလုပ်တတ်တဲ့ အရာတွေကို AI က တိကျစွာ စစ်ဆေး၊ ပြင်ဆင်ပေးနိုင်ပြီး အမှားနည်းသော အလုပ်တစ်ခု ဖြစ်လာစေသည်။ထိရောက်မှု တိုးတက်စေခြင်း
စီမံခန့်ခွဲမှုများ ပိုမိုစနစ်တကျဖြစ်လာကာ စီးပွားရေးလုပ်ငန်းများ အတွက် ထိရောက်မှုမြင့်မားစေသည်။
Agent Modeကို ဘယ်လို အသုံးချနိုင်မလဲ?
စီးပွားရေးလုပ်ငန်းများတွင်
ဖောက်သည်ဆက်သွယ်မှု၊ စာရွက်စာတမ်း ပြုစုခြင်း၊ အစီအစဉ်ရေးဆွဲခြင်း စတဲ့ အလုပ်တွေကို အလိုအလျောက် ပြုလုပ်ခြင်း။ပညာရေးတွင်
သင်ခန်းစာများ ဖန်တီးခြင်း၊ စာမေးပွဲ စီစဉ်ခြင်း၊ ကျောင်းသားမေးခွန်းများ ဖြေဆိုခြင်း။ပုဂ္ဂိုလ်ရေးအသုံးပြုမှုတွင်
အီးမေးလ် ပို့ခြင်း၊ စာအုပ်ရေးခြင်း၊ အစီအစဉ်များစီမံခြင်း။
နိဂုံးချုပ်
Agent Modeသည် ChatGPT ကို သင့် လုပ်ငန်းနှင့် အသုံးပြုမှုလိုအပ်ချက်များအတွက် ပိုမို စိတ်တိုင်းကျ၊ ထိရောက်စွာ အသုံးချနိုင်စေမှာ ဖြစ်ပါတယ်။ AI က သင့်အတွက် လုပ်ငန်းများစွာကို ကိုယ်စားလုပ်ဆောင်ပေးတာကြောင့် သင့်ရဲ့ အချိန်၊ စွမ်းအင် တန်ဖိုးရှိစေမှာ သေချာပါပြီ။
အခုချိန်မှာပဲ ChatGPT ရဲ့ Agent Modeကို စမ်းသပ်အသုံးပြုပြီး AI နဲ့ ပိုမိုအဆင်ပြေတဲ့ အတွေ့အကြုံကို ရယူလိုက်ကြပါစို့။
Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။
reference website : Fusion Solution
သင်ကျွန်ုပ်တို့နှင့်ဆက်သွယ်လိုပါက ဤနေရာကို နှိပ်ပါ။
Related Articles
- Website တွေ ကို ဘာကြောင့် SEO ဦးစားပေးပြီးရေးသင့်သလဲ
- facebook post တွေကို အကျိုးရှိအောင် ဘယ်လို boost မလဲ။
- Mobile Data မကုန်အောင် App Data များကို ထိန်းချုပ်နည်းများ
- Jasper AI ဆိုတာဘာလဲ? Microsoft Word ထဲမှာ ဘယ်လိုအသုံးပြုမလဲ?
- Internet Download Manager နဲ့ အမြန်ဆုံး Download ပြုလုပ်ခြင်း
- Web3 နည်းပညာနှင့် Blockchain သတင်းများ