911 ဖုန်းခေါ်ဆိုမှု ချို့ယွင်းချက်ကို ပြင်ဆင်ဖို့ ယခု Android အတွက် Microsoft Teams update ကို ထည့်သွင်း

Microsoft Teams က Android အသုံးပြုသူ တွေကို 911 ဖုန်းခေါ်ဆိုမှုကို ဟန့်တား နိုင်တဲ့ အန္တရာယ် ရှိသော ချို့ယွင်းချက် အတွက် ပြင်ဆင်မှုကို စတင် လိုက်ပြီးတော့ ၎င်းကို အမြန်ဆုံး ထည့်သွင်း လိမ့်မည်ဟု Android Police မှ တစ်ဆင့် သိရှိ ရပါတယ်။ Medium မှာ ရှိတဲ့ ပြဿနာကို ခွဲခြမ်း စိတ်ဖြာ ရာမှာ Esper မှ အကြီးတန်း နည်းပညာ ဆိုင်ရာ တည်းဖြတ်သူ Mishaal Rahman က Teams app အတွက် အပ်ဒိတ် တစ်ခုတွင် Microsoft မှ ပြဿနာကို ပြုပြင် ခဲ့ကြောင်း ရှင်းပြ ခဲ့ပါတယ်။

Reddit မှ အသုံးပြုသူ တစ်ဦးက ၎င်းတို့ရဲ့ Pixel 3 ဖုန်းကနေ 911 ကို ဖုန်းခေါ် ဆိုဖို့ ကြိုးစားတဲ့ အခါမှာ ချို့ယွင်းချက်ကို တွေ့ရှိ ခဲ့ပြီး Google မှ ရှင်းပြချက် တစ်ခု တောင်းဆို ခဲ့ပါတယ်။ အဆိုပါ ပြဿနာဟာ Android operating system နှင့် Teams app ကြားမှာ “မရည်ရွယ်ဘဲ အပြန်အလှန် တုံ့ပြန်မှု ” ကြောင့် ဖြစ်ရခြင်း ဖြစ်တယ် ဟု ကုမ္ပဏီက ပြောကြား ခဲ့ပါတယ် ။ ၎င်းက Android 10 ( သို့မဟုတ် ) နောက်ပိုင်း ဖုန်းတွေမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေ သုံးစွဲသူတွေ နှင့် Teams App ကို ထည့်သွင်း ထားသော်လည်း အကောင့် မဝင်ထားတဲ့ သူတွေ ကိုသာ သက်ရောက်မှု ရှိစေမှာပဲ ဖြစ်ပါတယ် ။ သို့သော်လည်း Google က ဘယ်လိုပင် ဖြစ်စေ Teams ကို uninstall လုပ်ဖို့ Android 10 နှင့် အထက် ရှိတဲ့ သုံးစွဲသူ အားလုံးကို အကြံပြု ထားတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Teams ကို uninstall လုပ်ပြီး အဆုံး မသတ်ဘူး ဆိုရင် တတ်နိုင် သလောက် အပ်ဒိတ် လုပ်ကြည့် ရမှာပဲ ဖြစ်ပါတယ်။ version 1416/1.0.0.2021194504 က ပြဿနာကို ဖြေရှင်း ပေးကြောင်း Rahman က မှတ်ချက်ပြု ခဲ့ပါတယ်။ ၎င်းက ဖုန်းခေါ်ဆိုမှု တွေကို Android operating system မှာ PhoneAccount class ထပ်တူ ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို ဖန်တီး နေခြင်းပဲ ဖြစ်ပါတယ်။

Apps များကို ဖုန်းခေါ်ဆိုမှုတွေ လက်ခံ နိုင်စေမယ့် လုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်။ ခေါ်ဆိုမှု အင်္ဂါရပ် ပါရှိတဲ့ Android App များစွာဟာ PhoneAccount ဥပမာကို ဖန်တီး ပေးမှာ ဖြစ်သော်လည်း Teams မှာ အသုံးပြုသူ တွေက အကောင့် မဝင်ဘဲ App ကို ဝင်ရောက်တဲ့ အခါ အများအပြား ဖန်တီး နေတာပဲ ဖြစ်ပါတယ်။

Update version က ထပ်တူ ဖြစ်နေတဲ့ PhoneAccount ဖြစ်ရပ် တွေကို ဖန်တီးမှာ မဟုတ်ကြောင်း နှင့် စတင်တဲ့ အခါတွင် ယခင် တည်ဆောက် ခဲ့တဲ့ PhoneAccount ဖြစ်ရပ် များကို ရှင်းပစ်မှာ ဖြစ်ကြောင်း Rahman မှ မှတ်ချက်ပြု ရေးသား ထားခဲ့ ပါတယ်။

Google က ဇန်နဝါရီ 4 ရက် နေ့မှာ Android သို့ အပ်ဒိတ် တစ်ခု ထုတ်ပေးဖို့ စီစဉ် နေတာကြောင့် ၎င်းဟာ အဆုံးမှာ အမှားအယွင်း တွေကို ပြုပြင် နိုင်လိမ့်မယ်ဟု မျှော်လင့် မိပါတယ်။ Google Play Store မှ Microsoft Teams ရဲ့ အပ်ဒိတ် ဗားရှင်းကို install ထည့်သွင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။