5G ကွန်ယက်များတွင် Huawei ထုတ်ကုန်များတပ်ဆင်ခြင်းကို UK တားမြစ်

၂၀၂၁ ခုနှစ်စက်တင်ဘာလမှ စတင်၍ 5G ကွန်ယက်များတွင် Huawei ထုတ်ကုန်အသစ်များတပ်ဆင်ခြင်းကို UK ကတားမြစ်တော့မယ်လို့ သတင်းတွေထွက်နေပါတယ်။UK ရဲ့ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့်အားကစား ၀န်ကြီးဌာန (DCMS) သည် ၂၀၂၁ ခုနှစ်စက်တင်ဘာ ၃၀ မှ စတင်၍ ဆက်သွယ်ရေးလုံခြုံရေးဥပဒေကြမ်းကိုထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိသျှဆက်သွယ်ရေးကုမ္ပဏီများသည်  ယခင်က install လုပ်ထားခဲ့သော Huawei စက်ပစ္စည်းများ၏ပြုပြင်ထိန်းသိမ်းမှုမှအပ  5G ကွန်ယက်များ၌မည်သည့် Huawei ပစ္စည်းကိုမဆိုတပ်ဆင်ခွင့်မပြုတော့ပါ။

ဤကြေငြာချက်ဟာ UK ရဲ့ 5G ကွန်ယက်များမှစွန့်စားမှုမြင့်မားသောပစ္စည်းကိရိယာရောင်းချသူများ (Huawei) ကိုဖယ်ရှားရန်ရှင်းလင်းသောလမ်းကြောင်းတစ်ခုသို့မဟုတ်နည်းလမ်းကို ပြတ်ပြတ်သားသား ဖော်ပြပေးနေပါတယ်။ နိုင်ငံတော်လုံခြုံရေးအတွက်တရား ၀င်သောစက်ကိရိယာများကို ရှာဖွေဖော်ထုတ်ရန်နှင့်တားမြစ်ရန်အတွက် ၀န်ကြီးဌာနအား စွမ်းအားမြှင့်တင်ပေးမည့် ဥပဒေမူကြမ်းများကိုလည်းဆွေနွေးတိုင်ပင်ကြပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘဝ အတွက် အကျိုးအများဆုံး ရယူရန် အရေးကြီးပါသည်။ အောက်တွင် သင်၏စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန် လက်တွေ့ကျကျ နည်းလမ်းများရှိသည်။သင်နေထိုင်ပုံကို ရိုးရှင်းသော ပြောင်းလဲမှုများပြုလုပ်ခြင်းကို အချိန်များစွာ ယူရန်မလိုအပ်ပါ။ မည်သူမဆို ဤအကြံပေးချက်ကို လိုက်နာနိုင်ပါတယ်။

ပြီးခဲ့သည့်ဇန်နဝါရီလကဗြိတိန်ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ဖြစ်တဲ့ Huawei အား ဗြိတိန်နိုင်ငံ၏ 5G မိုဘိုင်းကွန်ယက်ကိုအကန့်အသတ် ၃၅ ရာခိုင်နှုန်းသာပါဝင်ခွင့်ပြုရန် သဘောတူညီခဲ့ပြီး အထိခိုက်မခံသောကွန်ယက်၏အဓိကလုပ်ဆောင်သောအပိုင်းမှခွဲထွက်သွားစေခဲ့ပါတယ်။ထို့နောက် အမေရိကန်အစိုးရသည်တရုတ်မှ အချက်အလက် သူလျှိုများ၏အန္တရာယ်များကိုသတိပေးခဲ့ပါတယ်။ဇူလိုင်လတွင် ဗြိတိသျှအစိုးရသည် ယခုနှစ်ကုန်ပိုင်းတွင် Huawei ၏ 5G ထုတ်ကုန်များ ၀ယ်ယူခြင်းကိုတားမြစ်ရန် မိုဘိုင်းအော်ပရေတာများအားအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၇ အတွင်း Huawei ထုတ်ကုန်များအားလုံးကို၎င်း၏ 5G ကွန်ယက်မှဖယ်ရှားပစ်စေခဲ့ပါတယ်။ စက်တင်ဘာလတွင်အမေရိကန်ဘက်မှ Huawei အားပိတ်ဆို့မှုများသည် Huawei ဘက်မှ စိတ်မချရသောနည်းပညာကို အသုံးပြုပြီး ယူကေအတွက်အန္တရာယ်ဖြစ်စေနိုင်မည့် အဓိကအချက်လက်အစိတ်အပိုင်းများကိုရှာဖွေခြင်းများရှိလာနိုင်သည်ကိုစိုးရိမ်သောကြောင့်ဖြစ်ပါတယ်။ဇူလိုင်လ အမိန့်စာထုတ်အပြီးနောက်ပိုင်းတွင် မိုဘိုင်းဖုန်းအသုံးပြုသူများမှ ဘယ်မိုဘိုင်းအော်ပရေတာမဆို Huawei ပစ္စည်းများကို ၀ယ်ယူခဲ့ပါကနောင်တွင် အသုံးပြုရန်သိုလှောင်ထားရမှာဖြစ်ပါတယ်။ နောက်ဆုံးကြေညာချက်များ အရ အသစ်ထွက်ရှိလာမည့် 5G ၀န်ဆောင်တွင် ဝယ်ယူထားသောပစ္စည်းကိရိယာများတပ်ဆင်နိုင်မှာမဟုတ်ပေ။

၎င်းကို စနစ်ဟောင်းရှိပျက်စီးနေသောကိရိယာများအတွက်ကိုသာအစားထိုးနိုင်မှာပဲဖြစ်ပါတယ်။စည်းကမ်းဖောက်ဖျက်ကျူးလွန်သော ကုမ္ပဏီများအတွက် ကုန်ပစ္စည်းအဝင်အထွက် ကုန်စျေးနှုန်းများရဲ့ 10% (သို့မဟုတ်)  တစ်နေ့လျှင်ပေါင် ၁၀၀,၀၀၀ အထိဒဏ်ရိုက်ခံရမည်ဖြစ်ပါတယ်။ ထို့အပြင်ဗြိတိသျှအစိုးရသည် အမျိုးသားဆက်သွယ်ရေးသုတေသနစင်တာကိုတည်ဆောက်ရန်နှင့်အနာဂတ်မိုဘိုင်းကွန်ယက်များအတွက်ဆန်းသစ်တီထွင်မှုကိုဖန်တီးရန်ပွင့်လင်းသောရေဒီယိုဆက်သွယ်ရေးနည်းပညာတွင်ရင်းနှီးမြှုပ်နှံရန်ပေါင် သန်း၂၅၀အထိ သုံးစွဲခဲ့ပါတယ်။

ဤကြေငြာချက်သည် ဆက်သွယ်ရေးလုံခြုံမှုဆိုင်ရာဥပဒေကြမ်းသစ်ကအကျိုးတက်ရောက်မှုရှိပြီး ဘယ်လိုကျင့်သုံးရမည်ကိုလမ်းညွန်ပေရုံမျှသာဖြစ်ပါတယ်။  ဒါကြောင့် ဥပဒေကောင်စီက အတည်ပြုပြဌာန်းနိုင်မလား ဘယ်အချိန်မှာအကျိုးသက်ရောက်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။