2022 ခုနှစ်မှာ Android မှာ ရောက်ရှိလာတော့မယ့် AirPod-style auto-switching

Google TV Google ရှိ Fast Pairing Bluetooth headphones. | Google

Android က နောက်ဆုံးမှာ AirPod-style auto-switching ကို 2022 ခုနှစ်တွင် Google မှ ရရှိမှာ ဖြစ်ပြီး လာမယ့် လ အနည်းငယ် အတွင်း Android ဖုန်းတွေမှာ Bluetooth နားကြပ် စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ Google မှ စီစဉ် ထားပါတယ် ။ iPhone နှင့် AirPod အသုံးပြုသူတွေ သုံးတဲ့ features တွေ ပါ၀င် စေဖို့ ၎င်းရဲ့ Fast Pair နည်းပညာကို အပ်ဒိတ် လုပ်ရန် စီစဉ် ထားပါတယ်။ Support ပေးထားတဲ့ နားကြပ်တွေ နှင့်အတူ ( 2022 တွင် ထွက်ရှိ လာမှာဟု ယူဆရ သော်လည်း မကြေငြာ ရသေးတဲ့ အတွက် )၊ Android ဖုန်းတွေ ၊ Chromebooks ၊ Android TV နှင့် ရွေးချယ် ထားတဲ့ Windows PC တွေ အပါအဝင် မူလ အသံ ( audio sources ) တွေ အလိုအလျောက် ( auto-switching) ပြောင်းနိုင် မှာပဲ ဖြစ်ပါတယ် ။

Google က Android မှာ ရှိတဲ့ spatial audio အတွက် ဦးခေါင်းလှုပ်ရှားမှု ခြေရာခံခြင်းကိုလည်း စတင် ပံ့ပိုး ပေးမှာ ဖြစ်ပြီး မိမိရဲ့ ဦးခေါင်း လှုပ်ရှားမှုအပေါ် အခြေခံ၍ အသံကို ချိန်ညှိ ပေးမှာပဲ ဖြစ်ပါတယ် ။ ၎င်းက ဂီတ ဝန်ဆောင်မှု အနည်းငယ် ( music services ) အတွက် အခြေခံ spatial audio ကို ပံ့ပိုး ပေးထားပြီး ဖြစ်ပါတယ် ။ ဒါပေမယ့် ကုမ္ပဏီက ယခု spatial audio မှာ ပေးနေတဲ့ အသေးစိတ် အချက်အလက်တွေ ဖြစ်တဲ့ ပံ့ပိုးပေးထားတဲ့ တေးဂီတ ထုတ်လွှင့်ခြင်း ဝန်ဆောင်မှု ( music streaming services ) တွေ ၊ ပံ့ပိုးပေးထားတဲ့ နားကြပ်တွေ နှင့် Android ဗားရှင်းတွေ အထိ စတဲ့ အသေးစိတ် အချက်အလက်တွေကို မသိရ သေးပါဘူး။

Auto-switching ( အလိုအလျောက်ပြောင်းခြင်း ) နှင့် spatial audio တို့က “လာမယ့် လတွေအတွင်း ” ရောက်ရှိ လာဖို့ သတ်မှတ် ထားတဲ့ Fast Pair features များစွာ ထဲမှ နှစ်ခုသာ ဖြစ်ပြီး အချို့သော ရောက်ရှိလာနိုင်တဲ့ အရာ တွေက “လာမယ့် ရက်သတ္တပတ်တွေ ” မှာ ရောက်ရှိ လာဖို့ ရှိပါတယ် ။ Fast Pair က သုံးစွဲသူ တွေအား system settings တွေမှာ အချိန်ကုန်နေဖို့ မလိုအပ်ဘဲ pop-up window အနည်းငယ်ကို အသုံးပြု၍ Bluetooth စက်တွေကို ချောမွေ့စွာ တွဲချိတ်ဖို့ အတွက် ပြုလုပ်ပေးတဲ့ Google ရဲ့ system ပုံစံပဲ ဖြစ်ပါတယ် ။

Apple ရဲ့ ပြုလုပ်မှု system ပုံစံလိုပဲ ၎င်းက အကောင့်နှင့် ချိတ်ဆက်ထားတဲ့ စက်များစွာနဲ့ နားကြပ်တွေကို တွဲချိတ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင် ထားတာပဲ ဖြစ်ပါတယ် ။ Apple ရဲ့ စနစ်နဲ့ မတူသေးတာက Google ရဲ့ Fast Pair လုပ်ဆောင်ချက် အစုံ ( Fast Pair feature set ) ဟာ မပြီးဆုံးသေးဘဲ အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ သို့သော်လည်း ကိစ္စရပ် နှစ်ခုစလုံးမှာ သုံးစွဲသူတွေ အတွက် ၎င်းတို့၏ စက်ပစ္စည်း တွေကို စီမံခန့်ခွဲရ လွယ်ကူစေဖို့ ပုံမှန် Bluetooth ရဲ့ ထိပ်မှာ စနစ် တစ်ခု တည်ဆောက်ဖို့ နှင့် ရလဒ် အနေဖြင့် အနည်းငယ် lock ချ ထားတဲ့ ပုံစံကို ဖန်တီးဖို့ ပဲ ဖြစ်ပါတယ်။

Samsung မှာ Samsung စက်တွေ ၊ Samsung နားကြပ်တွေ နှင့်အတူ ၎င်းရဲ့ ကိုယ်ပိုင် lock-in ဂေဟစနစ် ( lock-in ecosystem ) တစ်ခု ရှိပြီး Google က ယခုနှစ်မှာ ယေဘုယျအားဖြင့် ထွက်ရှိဖို့ မျှော်လင့်ထားတဲ့ features အချို့ကို ပံ့ပိုး ပေးထား ပါတယ် ။ သို့သော်လည်း Google ရဲ့ Fast Pair က ထုတ်လုပ်သူ ပိုများ ပါတယ်။

Google မှာ ဖုန်းခေါ်ဆိုတဲ့အခါ Android tablet မှ Bluetooth နားကြပ်တွေကို အလိုအလျောက် ပြောင်းခြင်း။ | Google

အဆိုပါ Fast Pair features နှစ်ခု နှင့်အတူ အခြား အနည်းစုက 2022 ခုနှစ်မှာ ရောက်ရှိ လာတော့မှာပဲ ဖြစ်ပါတယ် ။ Google က Google TV နှင့် “အခြား Android TV OS” စက်တွေ အပြင် Chromebooks တွေမှာ Fast Pairing ကို ဖွင့်ပေးမှာပဲ ဖြစ်ပါတယ် ။ ပို၍ စိတ်ဝင်စားစရာ ကောင်းတာမှာ Google က ၎င်းရဲ့ Fast Pair နည်းပညာ အချို့ကို Windows PC တွေဆီ စတင် ပို့ဆောင်ဖို့ ၊ Nearby Share နှင့် text message sync အတွက် ပံ့ပိုးမှု ယူဆောင်လာဖို့ Google က Acer နှင့် HP တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။

ဒီ audio features တွေဟာ Google ရဲ့ CES 2022 ကြေငြာချက်တွေ၏ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ အားလုံးကို 2022 မှာ ရောက်ရှိလာဖို့ စီစဉ်ထားပြီး Google ရဲ့ “Better Together” အမှတ်တံဆိပ်က Chromebooks နှင့် Fast Pair UI ကို အသုံးပြု၍ ဘယ်Appအတွက်မဆို စာတို ပေးပို့ခြင်း sync လုပ်ခြင်းကို တိုးချဲ့ လုပ်ဆောင်နေပါတယ်။ Smart Home Gadgets တွေကို စနစ် ထည့်သွင်းဖို့ ၊ Chromecast ကို Bose speakers တွေ နှင့် soundbars တွေ အဖြစ် တည်ဆောက်ဖို့ နှင့် Wear OS 3 smartwatches တွေဖြင့် Android ဖုန်းတွေကို lock ဖွင့်ခြင်း တို့ပင် လုပ်ဆောင်နေပါတယ်။

ယေဘုယျအားဖြင့် အဲဒီ ကြေငြာချက်တွေက Apple အသုံးပြုသူတွေ နှစ်သက်တဲ့ ဂေဟစနစ်အကျိုးခံစားခွင့် ( ecosystem benefits) များစွာကို Android အသုံးပြုသူတွေအား ယူဆောင် လာစေဖို့ Google ရဲ့ ကြိုးပမ်းမှုပဲ ဖြစ်ပါတယ် ။ သို့သော် ၎င်းက Google နှင့် Android ဖြစ်တာကြောင့်၊ ဖြန့်ချိမှုက အချိန် အနည်းငယ် ယူရပြီး အနည်းငယ် အဆင်မပြေ ဖြစ်လိမ့်မယ် ဟု ထင်မိပါတယ် ။ Google က အဲ့ဒီ အင်္ဂါရပ်များစွာ ထဲမှ Android OS update ပြည့်ပြည့်စုံစုံကို မလိုအပ်ဘူးလို့လဲ ပြောဆိုထားပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။