ယခု တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ပြီ ဖြစ်တဲ့ Microsoft Teams ရဲ့ Walkie Talkie feature

Microsoft က Microsoft Teams ရဲ့ ၎င်း၏ Walkie Talkie feature ကို ယနေ့ ဆက်သွယ်ရေး အက်ပ်ပလီကေးရှင်း ( communications app ) အသုံးပြုတဲ့ သူတွေ အားလုံး အတွက် ယေဘုယျ အားဖြင့် ရရှိ နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Walkie Talkie က Microsoft Teams အသုံးပြု သူတွေကို စမတ်ဖုန်း (သို့မဟုတ်) တက်ဘလက် တွေကို ဆဲလ်လူလာ ဒေတာ (cellular data) ဒါမှ မဟုတ် Wi-FI မှ တဆင့် လုပ်ဆောင် နိုင်တဲ့ walkie-talkie အဖြစ် ပြောင်းလဲ နိုင်စေခဲ့ ပါတယ်။

၎င်းကို မူလက လွန်ခဲ့တဲ့ နှစ်နှစ်က ကြေညာ ထားခဲ့ပြီး နောက်ပိုင်းမှာ အများ အားဖြင့် အစမ်း ကြည့်ရှုမှု (preview) မှာ ရရှိ ခဲ့ပါတယ်။

အဆိုပါ feature ကို 2020 ခုနှစ် စက်တင်ဘာ လတွင် Android မှာ ကျယ်ကျယ် ပြန့်ပြန့် ထွက်ရှိ ခဲ့သော်လည်း ယခုအခါမှာ ၎င်းကို Zebra မိုဘိုင်းလ် စက်ပစ္စည်းတွေ အပြင် iPhone နှင့် iPad တွေ အတွက်ပါ ရရှိ နေပြီဟု Microsoft မှ ပြောကြားခဲ့ ပါတယ်။

Microsoft က ဒီအရာကို အဓိက အားဖြင့် ရှေ့တန်းမှာ လုပ်ဆောင်တဲ့ အလုပ်သမားတွေ ( frontline workers ) ၊ ဖောက်သည်တွေနှင့် ရင်ဆိုင် တွေ့နေရတဲ့ ဝန်ထမ်းတွေ ၊ ကုမ္ပဏီတွေမှာ နေ့စဉ် လုပ်ငန်း ဆောင်တာ တွေကို လုပ်ဆောင် နေတာတွေ အတွက် ထည့်သွင်း ပေးထားတာပဲ ဖြစ်ပါတယ်။

Zebra Technologies နှင့် ဆော့ဖ်ဝဲ ထုတ်လုပ်သူရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ လျင်မြန်ပြီး လုံခြုံတဲ့ ဆက်သွယ်ရေး အတွက် အထူး သီးသန့် ခလုတ် နှိပ်ပြီး စကားပြော ခလုတ် ပုံစံဖြင့် လုပ်ဆောင် ထားတာပဲ ဖြစ်ပါတယ်။

ဒီ Walkie Talkie တွေကို လက်ရှိ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကို ဖြတ်ကျော်ကာ ကမ္ဘာကို ထိန်းကျောင်း ပေးတဲ့ ဝန်ထမ်းတွေ ၊ ရှေ့တန်း လုပ်သား တွေက ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု ကြပါတယ်။

Walkie-talkie feature တွေဟာ ဆက်သွယ်ရေး App တွေမှာ အသုံးပြုတဲ့ ပမာဏ နည်းပါနေ ပါသေးတယ် ။ WhatsApp က ပေးပို့ နိုင်တာထက် လက်ခံနိုင်တဲ့ အသံပိုင်း ဆိုင်ရာ အချက်အလတ် အပိုင်းအစ တွေကို မှတ်တမ်း တင်နိုင်စေမှာ ဖြစ်ပြီး Slack က လူတွေကို အလွယ် တကူ ဖုန်းခေါ်ဆို နိုင်စေဖို့ အတွက် Discord-like Huddles feature ကို ယမန်နှစ်က စတင်ခဲ့ ပါတယ် ။

Apple က FaceTime Audio ခေါ်ဆိုမှုမှ တစ်ဆင့် push-to-talk ကို အသုံးပြုကာ 2018 ခုနှစ်မှာ Apple Watch တွင် ၎င်းရဲ့ ကိုယ်ပိုင် walkie-talkie feature ကို မိတ်ဆက်ခဲ့ ပါတယ်။ ၎င်း Walkie-talkie feature ဟာ Android အပြင် ၎င်းဟာ Zebra စက်ပစ္စည်း တွေနှင့် အတူ iOS မှာပဲ အလုပ် လုပ်မှာပဲ ဖြစ်ပါတယ်။

Walkie Talkie on Zebra devices. Image: Microsoft

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။