ယခုအခါ Google Maps က gas ၊ diesel နှင့် လျှပ်စစ်သုံး မော်တော်ယာဉ်တွေ အတွက် ၎င်းရဲ့ eco-friendly လမ်းညွှန်မှုကို ချိန်ညှိနိုင်ပြီ

You can tell maps if you have a petrol, diesel, hybrid, or electric car. Image: Google

Google က Maps ရဲ့ eco-friendly routing mode ကို ချဲ့ထွင်ကာ feature ကို ဥရောပ နိုင်ငံများစွာတွင် ဖြန့်ကျက်ပြီး ကားရဲ့ လောင်စာဆီ အမျိုးအစားကို ရွေးချယ်ခွင့် ပေးခြင်းဖြင့် ၎င်းကို ပိုမို အားကောင်း လာစေ ပါတယ်။

ပြီးခဲ့တဲ့ နှစ်က US နှင့် Canada တို့မှာ မူလ စတင်ခဲ့သော ဝန်ဆောင်မှုဟာ ၎င်းတို့တွင် အလားတူ ETA တစ်ခု ရှိလျှင် အခြား အခြားသော လမ်းကြောင်းတွေနှင့် စွမ်းအင် နည်းပါးသော လမ်းကြောင်း တွေကို မီးမောင်း ထိုးပြမှာပဲ ဖြစ်ပါတယ် ။ ပြင်သစ် ၊ အိုင်ယာလန် ၊ ပိုလန် ၊ စပိန် နှင့် UK တို့ အပါအဝင် ဥရောပနိုင်ငံ ၄၀ နီးပါးရှိ သုံးစွဲသူတွေ အတွက် ယနေ့မှ စတင်၍ Google မှ စတင် ဖြန့်ချိ နေပြီဟု Google မှ ပြောကြား ခဲ့ပါတယ် ။ ( ပြီးခဲ့သော လက ဂျာမနီမှာ မိတ်ဆက် ခဲ့ပါတယ်။)

Google က ကားမှာ diesel ၊ gas ၊ hybrid ( သို့မဟုတ် ) electric powertrain ရှိ ၊ မရှိ Maps အား ပြောပြ နိုင်တဲ့ စွမ်းရည်ကိုလည်း ထည့်သွင်း ပေးထားပြီး ၊ ထို့ကြောင့် သတ်မှတ် ထားတဲ့ ယာဉ်အမျိုးအစား အတွက် အထိရောက်ဆုံး လမ်းကြောင်းကို ရှာဖွေ နိုင်ကာ eco-friendly route ပိုထိရောက်မယ် ဆိုတာကို ပိုမို တိကျသော ခန့်မှန်းချက်တွေ ပေးစွမ်း နိုင်မှာပဲ ဖြစ်ပါတယ် ။ ဖော်ရွေသော လမ်းကြောင်းလဲ ဖြစ်ပါတယ် ။

ဤစနစ်ကို အမေရိကန် စွမ်းအင်ဌာနရဲ့ အမျိုးသား ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ဓာတ်ခွဲခန်း US Department of Energy’s National Renewable Energy Laboratory (NREL) နှင့် European Environment Agency တို့မှ ကောက်နှုတ် ထားတဲ့ အချက်အလက် ပေါ်မှာ တည်ဆောက် ထားပြီး ဒေသများရှိ လူကြိုက် အများဆုံး အင်ဂျင်တွေကို အခြေခံ၍ machine learning models တွေကို လေ့ကျင့်ဖို့ အတွက် Google Maps မောင်းနှင်မှု ခေတ်ရေစီးကြောင်း တွေနှင့် ပေါင်းစပ် ထားပါတယ် ။

Telling Google what type of car you drive could let it give you even more efficient directions. Gif: Google

Google ရဲ့ ဘလော့ဂ်ပို့စ်မှ ဥပမာ တစ်ခုကို အသုံးပြု၍ ဒီဇယ် စွမ်းအင်သုံး မော်တော်ယဉ် တွေဖြင့် အင်ဂျင်တွေ အထိရောက်ဆုံး ဖြစ်မယ့် မြန်နှုန်းမြင့် အဝေးပြေး လမ်းမကြီး တစ်လျှောက် မောင်းနှင် သွားမှာ ဖြစ်ပြီး hybrid ( သို့မဟုတ် ) လျှပ်စစ်ကား တစ်စီး ရှိသူ တစ်ဦးဟာ surface streets တွေ အပါအဝင် regenerative braking ရဲ့ ပိုမို ကောင်းမွန်သော အခွင့်ကောင်းကို ရယူ နိုင်တဲ့ နေရာ အကြံပြုချက် တွေကို ရရှိမှာပဲ ဖြစ်ပါတယ် ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။