နောက်ဆုံးပေါ် Intel processorsဖြင့် Zephyrus M16 gaming laptop

Republic of Gamers (ROG) က ၁၆ လက်မအရွယ်အစားရှိတဲ့ Zephyrus M16 gaming laptop ကို ထုတ်လုပ် ဖြန့်ချီခဲ့သည်။ Zephyrus M16 ဟာ ပေါ့ပေါ့ပါးပါး သယ်ဆောင်ရလွယ်ကူပြီး စွမ်းဆောင်ရည်မြင့် notebook နောက်ဆုံးပေါ် Intel® ပရိုဆက်ဆာချစ်ပ်ဖြင့် ဖုံးအုပ်ထားသည်။

၁၆ လက်မအထိ ကျယ်ပြန့်သော မျက်နှာပြင်နှင့်အတူ ပါးလွှာမှုက အရမ်းကောင်းသည်။

165Hz 3ms Refresh Rate နှင့် Adaptive-Sync နည်းပညာတို့ပါ ၀ င်သည့် WQHD မျက်နှာပြင် resolution သည် ယခင်မော်ဒယ်များထက် ၅% ပိုသေးသော ဒီဇိုင်းဖြစ်သည်။ 16:10 aspect ratio မျက်နှာပြင်မှာ၊ display area က ပိုများသည်။

နောက်ဆုံးပေါ် Intel® ပရိုဆက်ဆာများဖြင့်အကောင်းဆုံးစွမ်းဆောင်ရည်

စိတ်ကြိုက် ပြုပြင်နိုင်သော နောက်ဆုံးပေါ် Intel ပရိုဆက်ဆာများ ထိရောက်မှုကို တိုးတက်စေခြင်း ဂိမ်း streaming (သို့မဟုတ်) video rendering စသည့် မည်သည့် application အတွက်မဆို ချောချောမွေ့မွေ့ အသုံးပြုနိုင်မည် ဖြစ်သည်။

သယ်ဆောင်ရန် လွယ်ကူပြီး ခရီးသွားများအတွက် အဆင်ပြေမှု

ROG Zephyrus M16 သည် အလေးချိန် ၁.၉ ကီလိုဂရမ်ရှိပြီး ၁၉.၉ မီလီမီတာမျှသာ လေးသောပေါ့ပါးသည့် Gaming Notebook ဖြစ်သည်။ 90Wh ဘက်ထရီဖြင့် အားသွင်းရုံဖြင့် ၁၀ နာရီအထိ အဆက်မပြတ် အသုံးပြုနိုင်သည်။ ထို့အပြင် မိနစ် ၃၀ အတွင်းတွင် ၅၀% အားသွင်းနိုင်ပြီး အမြန်အားသွင်းနိုင်သည့် Fast charging နည်းပညာရှိသည်။

အရည်အသွေးပြည့်ဝသောစတူဒီယိုအသံစနစ်

Zephyrus M16 တွင် စပီကာ ၆ ခုအထိ တပ်ဆင်ထားပြီး Dolby Atmos®သည် ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် သီချင်းနားထောင်ခြင်း အတွေ့အကြုံအသစ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ၎င်းကို dual Tweeter နှင့် Dual Force-canceling woofers ဖြင့် အကောင်းဆုံးအရည်အသွေးပြည့်ဝသော အသံ နှင့် အသုံးပြုသူများအတွက် ရှင်းလင်းသည့် 3D Mic စနစ်နှင့်အတူ live broadcasting (သို့) voice chat တို့လဲ အသုံးပြုနိုင်ပါသည်။

connection ကောင်းမွန်မှု

connection ports များနှင့်အတူ အထွေထွေအသုံးပြုခြင်း၊ ဂိမ်းကစားခြင်း (သို့) ဒီဇိုင်းလုပ်ခြင်းတွင် အသုံးပြုမှု အားလုံးကို ပံ့ပိုးပေးနိုင်သည်။ Thunderbolt 4 connection port နဲ့အတူ 4Hz resolution ဖြင့် 60Hz ရှိ 4K resolution ကိုလည်း ရွေးချယ်နိူင်တယ်။ ၎င်းသည် 8K resolution ၊ USB Type-C နှင့် Type-A ports နှစ်ခုစလုံးသည် အရံပစ္စည်းအမျိုးမျိုးကို ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ မြန်ဆန်သော အင်တာနက်ဆက်သွယ်မှုသည် အွန်လိုင်းဂိမ်းကစားခြင်းအတွက် အကောင်းဆုံးဖြစ်သည်။ ကင်မရာများနှင့်လည်း အသုံးပြုရန်အတွက် microSD ကဒ်ပြားကို ချိတ်ဆက်ရန် portတစ်ခုလည်းပါရှိပါသည်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။