ခေါက်သိမ်းနိုင်သော iPhone ထုတ်လုပ်ရန် Apple ဘက်မှ ပြင်ဆင်

ခေါက်သိမ်းနိုင်သော iPhone ထုတ်လုပ်ရန် Apple ဘက်မှ ပြင်ဆင်နေပြီး၂၀၂၂ ရဲ့နှစ်ဝက်လောက်မှာစတင်မယ်လို့ခန့်မှန်းထားပါတယ်။ခေါက်သိမ်းနိုင်သော iPhone အတွက်နောက်ဆုံးသတင်းများကို အဆက်မပြတ် ဖြန့်ချီလျက်ရှိနေပါတယ်။ အနာဂတ်မှာခေါက်သိမ်းနိုင်သောစမတ်ဖုန်းများသည် ခေတ်စားလာတာပဲဖြစ်ပါတယ်။

Apple ဘက်ကလည်း သူတို့ရဲ့ Iphone  တွေထဲကို ခေါက်နိုင်သော display နည်းပညာများထည့်သွင်းခြင်းကို စိတ်အားထက်သန်နေကြောင်းသတင်းတွေထွက်နေတာကြာပါပြီ။ Apple ဟာ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း မူပိုင်ခွင့်လည်း ရယူထားပြီး ဖြစ်ပါတယ်။ဒါပေမယ့် ဒီဇိုင်းမူပိုင်ခွင့်ရယူမှုက တကယ်တမ်း ထုတ်လုပ်လာမယ်လို့ အတိအကျ ပြောနိုင်တာမျိုး မဟုတ်ပါဘူး။

နောက်ဆုံးသတင်းအရ  Foxconn သို့မဟုတ် Apple ၏အဓိကထုတ်လုပ်သူနှင့်အဖွဲ့သည်ခေါက်နိုင်သော iPhone ၏စမ်းသပ်မှုအဆင့်သို့ ၀င်နေတယ်လို့သတင်းထွက်နေပါတယ်။ ထို့အပြင်၎င်းဖုန်းကို  ၂၀၂၂ ခုနှစ်၏ စက်တင်ဘာလလောက်တွင်စတင်မည်ဖြစ်ပြီးဒေါ်လာ ၁,၄၉၉ အထိရောင်းချမယ်လိုခန့်မှန်းရပါတယ်။

ခေါက်သိမ်းနိုင်သော iPhone ထုတ်လုပ်ရန် Apple ဘက်မှ ပြင်ဆင်နေပြီး၂၀၂၂ ရဲ့နှစ်ဝက်လောက်မှာစတင်မယ်လို့ခန့်မှန်းထားပါတယ်။

ကျွန်ုပ်တို့ အားလုံးသိထားသည့်အတိုင်းမျက်နှာပြင်သည် OLED (သို့မဟုတ်) microLED ဖြစ်လိမ့်မည်။ ယခုနှစ်အစောပိုင်းကလည်း ကောင်းမွန်စွားစမ်းသပ်နိုင်ရန်အတွက် Samsung ရဲ့ ရှေ့ပြေးပုံစံကို ရရှိခဲ့ကြောင်းကိုထုတ်ပြန်ကြော်ငြာ်ထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့က ဘယ်လို ဒီဇိုင်းမျိုး နဲ့ထွက်လာမလဲ အစိတ်အပိုင်းတွေကကောဘယ်လိုဖြစ်နိုင်မလဲဆိုတာကိုတော့ သေခါမသိသေးနိုင်သေးပါဘူး။

LG မှ Rolly Keyboard ဟုခေါ်သော ခေါက်သိမ်းထားနိုင်သော ကီးဘုတ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။Rolly သည် လက်တော့ပ်ကီးဘုတ်အရွယ် ဖြစ်ပြီး Bluetooth မှတစ်ဆင့် ထုတ်ကုန်နှစ်ခုနှင့် တစ်ပြိုင်နက် ချိတ်ဆက်နိုင်သည်။Rolly ကို ထင်ရှားစွာ မြင်တွေ့အသုံးပြုနိုင်မည့် ခလုတ်များဖြင့် ပြုလုပ်ထားပြီး မိုဘိုင်းထုတ်ကုန်များအတွက် stand တစ်ခုကို ထည့်သွင်းပေးထားကြောင်း LG ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Rolly Keyboard ကို Bluetooth 3.0 နှင့် အထက် ထုတ်ကုန်များနှင့် ချိတ်ဆက်နိုင်ပြီး auto-pairing feature ကို ထောက်ပံ့ပေးထားသည်။ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ထုတ်ကုန်နှစ်မျိုးအကြား ပြောင်းလဲအသုံးပြုနိုင်သည်။ ၎င်းကို iPhone နှင့် Android ဖုန်းများအပြင် ကီးဘုတ်နှင့် အသုံးပြုရန် လိုအပ်သော အခြား gadget များဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။

Rolly ကို AAA ဘက်ထရီ တစ်ခုတည်းဖြင့် ပုံမှန်အသုံးပြုပါက သုံးလခန့် အသုံးပြုနိုင်ကြောင်း LG မှ ပြောကြားခဲ့သည်။ ၎င်းကို စက်တင်ဘာလတွင် တင်ပို့ရောင်းချမည်ဟု ဆိုခဲ့သော်လည်း တန်ဖိုးကိုမှု ကုမ္ပဏီမှ ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။

ကျွန်တော်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။