ယခု Signal က conversation threads တွေကို မဖျက်ဘဲ ဖုန်းနံပါတ်ကို ပြောင်းနိုင်

Signal က အသုံးပြုသူ တွေအား လုံခြုံတဲ့ စာတို ပေးပို့ခြင်း အက်ပ် ( messaging app ) အတွင်းမှာ ရှိပြီးသား chats တွေ ၊ groups တွေ နှင့် messages တွေ အားလုံးကို မဆုံးရှုံး စေဘဲ ၎င်းတို့ရဲ့ အကောင့်မှာ ဖုန်းနံပါတ်တွေ ပြောင်းနိုင် စေမယ့် feature အသစ်ကို မိတ်ဆက် ပေးလိုက် ပါတယ်။

နံပါတ် အသစ် တစ်ခု ထည့်ဖို့ အတွက် နံပါတ် အဟောင်းဆီ ပေးပို့တဲ့ Signal မက်ဆေ့ဂျ် တွေကို ရရှိ နိုင်ရန် လိုအပ် ပါသေးတယ်။ ထို့နောက် Signal ရဲ့ အကောင့် ဆက်တင်တွေ အောက်မှာ ရှိတဲ့ “ဖုန်းနံပါတ်ပြောင်းရန် ( Change Phone Number )” option အသစ်သို့ သွားပါ။

နံပါတ် အဟောင်း နှင့် အသစ် နှစ်ခုလုံးမှာ ထည့်သွင်းဖို့ တောင်းဆို ပါလိမ့်မယ် ။ နောက်ဆုံး အနေဖြင့်၊ Signal က ၎င်းရဲ့ အကောင့် တစ်ခု နှင့် ဖုန်းနံပါတ် တစ်ခု သတ်မှတ်ဖို့ အတွက် ပုံမှန် စာရင်းသွင်းခြင်း လုပ်ငန်းစဉ် တစ်လျှောက် လမ်းညွှန် ပေးမှာပဲ ဖြစ်ပါတယ်။

နံပါတ်ကို အောင်မြင်စွာ အပ်ဒိတ် လုပ်ပြီးတာနှင့် ၊ Signal မှာ စကားပြောနေတဲ့ အဆက်အသွယ် တွေက ဖုန်းနံပါတ်ကို ပြောင်းလဲ လိုက်ကြောင်း မှတ်သား ထားတဲ့ မက်ဆေ့ချ် အသစ် တစ်ခုနှင့် contact card ကို လိုက်လျော ညီထွေ ဖြစ်အောင် အပ်ဒိတ် လုပ်ဖို့ အထောက်အကူ ဖြစ်စေမယ့် လင့်ခ် တစ်ခုနှင့် အတူ ၎င်းတို့ရဲ့ ဖုန်းနံပါတ်ကို notes မှာ တွေ့ရမှာ ဖြစ်ပါတယ် ။ သို့သော် အရေးကြီးတာက ပါဝင် ပြီးသား ဖြစ်တဲ့ ရှိပြီးသား အကြောင်းအရာ ( existing thread )တွေ ( သို့မဟုတ် ) groups တွေကို ဆုံးရှုံးတော့မှာ မဟုတ်ပါ။

Feature အသစ်ဟာ ၎င်းတို့ရဲ့ လက်ရှိ ဖုန်းနံပါတ်ကို သိမ်းဆည်း ထားသော်လည်း ဖုန်းနံပါတ် အသစ် ရရှိ နေတဲ့ သုံးစွဲသူတွေ အတွက် ရည်ရွယ်ထား ပါတယ်။ အကယ်၍ မိမိက ဖုန်းအသစ် တစ်ခုကို အဆင့်မြှင့် တင်ပြီး stuff တွေ အားလုံးကို သိမ်းဆည်း လိုပါက၊ Signal ရဲ့ local မှာ ဒေတာ လွှဲပြောင်းခြင်း အင်္ဂါရပ် ( Signal’s local data transfer feature ) ကို အသုံးပြုဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ် ။ Device အဟောင်းမှ ဒေတာ တွေကို အသစ် တစ်ခုဆီကို ပေးပို့ ပေးပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။