မော်တော်ကားများ၏ infotainment display ပေါ်သို့ ချိတ်ဆက်ဝင်ရောက်နိုင်သော Android Auto

Android Auto သည် လာမည့်လများအတွင်း ထိုင်းနိုင်ငံအပါအ၀င်ကမ္ဘာတစ်လွှားရှိနိုင်ငံပေါင်း ၃၆ နိုင်ငံသို့ တိုးချဲ့ပြီး၀န်ဆောင်မှုပေးတော့မည်ဖြစ်သည်။ ထို့ကြောင့် မကြာမီအချိန်အတွင်း Android Auto ကို သုံးစွဲသူနှစ်ဆခန့် ရှိလာနိုင်ပါသည်။Android Auto သည် ဂူးဂဲလ်ဆော့ဝဲတစ်ခုဖြစ်ပြီး စမတ်ဖုန်းပေါ်ရှိ အက်ပလီကေးရှင်းများကို မော်တော်ကားများ၏ infotainment display ပေါ်သို့ ချိတ်ဆက်ဝင်ရောက်နိုင်သော software platform တစ်ခုဖြစ်သည်။

Android Auto feature ကို မော်ဒယ်မြင့်ကားများစွာတွင် အသုံးပြုနိုင်နေကြပါပြီ။ Android Auto ၏ Main feature တွေကတော့ ကားမောင်းနှင်နေစဉ် Google Maps Navigation၊ Google Assistant များကို အသံဖြင့် မေးမြန်းအသုံးပြုနိုင်ခြင်း၊ မက်ဆေ့ခ်ျများဖတ်ခြင်းနှင့်ပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ USB ကြိုးနှင့် ဆက်သွယ်၍ music app များမှတစ်ဆင့် သီချင်းကိုနားထောင်နိုင်ခြင်း စသည့် feature များကို အသုံးပြုနိုင်ပါသည်။ယခုဆိုလျှင် Android Auto ကိုအထောက်အပံ့ပေးသော ကားများနှင့်စတီရီယိုများကို ထိပ်တန်းကုမ္ပဏီများစွာမှ တီထွင်လာကြပါသည်။ သင်၏ ကားတွင် Android Auto ရှိပါက သင်၏ဖုန်းကို USB ကြိုးနှင့် ဆက်သွယ်၍ Android Auto ကို လွယ်ကူစွာအသုံးပြုနိုင်ပါသည်။

Android Auto သည် လာမည့်လများအတွင်း ထိုင်းနိုင်ငံအပါအ၀င်ကမ္ဘာတစ်လွှားရှိနိုင်ငံပေါင်း ၃၆ နိုင်ငံသို့ တိုးချဲ့ပြီး၀န်ဆောင်မှုပေးတော့မည်ဖြစ်သည်။ ထို့ကြောင့် မကြာမီအချိန်အတွင်း Android Auto ကို သုံးစွဲသူနှစ်ဆခန့် ရှိလာနိုင်ပါသည်။

နောက်ဆုံးအနေနှင့် Android Auto ကို သုံးနိုင်သောနိုင်ငံပေါင်း ၃၆ ခုကိုလေ့လာကြည့်ကြပါစို့။

ဥရောပနိုင်ငံများဖြစ်သော – အယ်လ်ဘေးနီးယား၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေး၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ပေါ်တူဂီ၊ စလိုဗက်ကီးယား၊ ဆလိုဗေးနီး၊ အယ်ဘေးနီးယား၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ ဘော့စနီးယား၊ အာရှနိုင်ငံများဖြစ်သော တူရကီ၊ ထိုင်းနှင့်အင်ဒိုနီးရှားအပါအ၀င် အာဖရိကနိုင်ငံများဖြစ်သည့် အင်ဂိုလာနှင့် ဘော့ဆွာနာနိုင်ငံများတွင် Android Auto ကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်ပါသည်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။