ကမ္ဘာလုံးဆိုင်ရာ chipများ ရှားပါးမှုကြောင့် PC ဈေးကွက်တိုးတက်မှုနှုန်းနှေးကွေး

PC ဈေးကွက်သည် ၂၀၂၀ ခုနှစ်အတွင်း အထင်ကရ တင်ပို့ ရောင်းချမှုများအပြီးတွင် ၎င်း၏ တိုးတက်မှု နှေးကွေးကြောင်း ပြသနေပါတယ်။ PC တင်ပို့ရောင်းချမှု၏ ဒုတိယ သုံးလပတ်အတွင်း တိုးတက်မှုသည် ယခုနှစ် နှေးကွေးသွားသည်ဟု IDC နှင့် Gartner တို့နှစ် ဦး စလုံးက ကောက်ချက် ချခဲ့ကြပါတယ်။

ကွန်ပျူတာအသစ်များအတွက် ၀ယ်လိုအားသည် ရောဂါဖြစ်ပွားခြင်း မတိုင်မီက မြင်တွေ့ခဲ့သည့်အရာထက် သာလွန်နေဆဲဖြစ်သော်လည်း လျော့နည်းလာသော ၀ယ်လိုအား နှင့် ကမ္ဘာလုံးဆိုင်ရာ chipများ ရှားပါးမှု၏ အကျိုးသက်ရောက်မှုများက ၎င်းသည် လျင်လျင်မြန်မြန် တိုးတတ် လာတာမဟုတ်ဟု ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

IDC မှ သုတေသန အကြီးအကဲ Neha Mahajan က “ စျေးကွက်က ၀ ယ်လိုအားနဲ့ ပတ်သက်ပြီး အချက်အလက်များ ရောထွေနေပါတယ်။ “ ဟု ပြောကြား ခဲ့ပါတယ် ။

စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့် လာတာနဲ့အမျှ စီးပွားရေးဆန်သောအပိုင်းမှာ ၀ယ်လိုအား အလားအလာ ကောင်းလာတယ်။ တစ်နှစ် နီးပါးလောက်မှာ PC ဝယ်ယူမှု ပြီးတဲ့နောက် လူတွေဟာ ဦးစားပေး အသုံးစရိတ်ကို ပြောင်းလဲ လိုက်တာနဲ့ သုံးစွဲသူ ဝယ်လိုအား၏ အတိုင်းအတာ ဟာလည်း လျော့နည်း သွားပါတယ်။

IDC က ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်တွင် ကွန်ပျူတာ ၈၃ သန်းကျော် တင်ပို့ ရောင်းချခဲ့ သော်လည်း Gartner’s own figure မှာ ၇၁ သန်းကျော် ရှိပါတယ်။ Gartner မှ Chromebook တင်ပို့မှုတွင် ၎င်း၏ရလဒ်များ မပါဝင်ပါ။သို့သော် သုတေသန ကုမ္ပဏီက“ ၂၀၂၁ ၏ ဒုတိယ သုံးလပတ်တွင် Chromebook တင်ပို့မှုမှာ တစ်ဖန် ပြန်လည် အားကောင်း လာခဲ့သည်” ဟု ပြောကြား ခဲ့ပါတယ်။ တစ်နည်းနည်းဖြင့် ကုမ္ပဏီနှစ်ခုလုံးက ဒီနောက်ဆုံး သုံးလပတ်အတွင်း တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်းဟာ 2020 ရဲ့ ရုတ်တရက် တိုးတက်မှု ကဲ့သို့ ခိုင်ခိုင်မာမာ မဟုတ်ကြောင်း လက်ခံကြပါတယ်။

PC ရောင်းချမှုသည် ရုတ်တရက် ကျဆင်းတော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ခဲ့သည့် တိုးတက်မှုဟာ ဆုတ်ယုတ် လာနိုင် ပါတယ်။

Lenovo သည် ကမ္ဘာအနှံ့တွင် ထိပ်တန်း PC ထုတ်လုပ်သူ ဖြစ်နေဆဲ ဖြစ်ပါတယ်။ consumer PCs များ ပိုမို ကောင်းမွန်စွာ ရရှိခြင်းကြောင့် Apple, Acer နှင့် Asus အားလုံးသည် စျေးကွက်ထက် ပိုမို လျှင်မြန်စွာ တိုးတက်ခဲ့သည်ဟု Gartner က ပြောကြားခဲ့ပါတယ်။

“consumer PCs ဈေးကွက်ဟာ စီးပွားရေး ဈေးကွက်ထက် မလုံလောက်မှုကို လျော့နည်းစေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရောင်းချသူများက consumer models များ၏ ဒီဇိုင်းကို ပိုမို ပြောင်းလွယ် ပြင်လွယ်စေနိုင်ပြီး အချို့သော ထောက်ပံ့ရေး အခက်အခဲများအတွက် ပြသနာကို ကျော်လွှားနိုင်စေသည်” ဟု Gartner ကဆိုပါတယ်။

PC ဈေးကွက်တွင် တိုးတက်မှု နှေးကွေးခြင်း၏ အစောပိုင်း လက္ခဏာများကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရသော်လည်း Microsoft နှင့် ၎င်း၏ OEM မိတ်ဖက်များသည် ယခုနှစ် နှောင်းပိုင်းတွင် PC များ ပြန်လည် သက်၀င် လှုပ်ရှား လာစေရန် မျှော်လင့်နေ ကြပါတယ် ။ Windows 11 ကို အောက်တိုဘာလတွင် တွေ့ရ ဖွယ်ရှိပြီး Microsoft ၏ အနည်းဆုံး hardware လိုအပ်ချက်များသည် များစွာသော ကွန်ပျူတာများကို အဆင့်မြှင့်ရန် လိုအပ်သည်ဟု ဆိုလိုခြင်းပဲ ဖြစ်ပါတဘ်။ Window version အသစ်သည် အမြဲတမ်း ကြီးမားသော စျေးကွက် ရှာဖွေရေး လှုပ်ရှားမှုများဖြင့် လာပါတယ်။ Apple ၏ အထင်ကြီးစရာ ကောင်းသော M1 MacBooks နှင့် Intel သည် Mac နှင့် PC ကြော်ငြာများကို ပြန်လည် အားဖြည့်ပေးခြင်းဖြင့် ယခုနှစ် PC ဈေးကွက်အတွက် စိတ်ဝင်စားဖွယ် အချိန်ကာလ တစ်ခု ဖြစ်လာလိမ့်မယ်။ Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။